
ရုပ်ရှင်ဇာတ်ကားတွေဆိုတာ လူတွေကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့အပြင် လူတွေအတွက် အကောင်းဆုံး entertainment တစ်ခုဖြစ်ပါတယ်။ ဇာတ်ကားမျိုးစုံရှိတဲ့ အထဲကမှ လူတွေ စိတ်အလှုပ်ရှားဆုံးနဲ့ ကြောက်ဖို့အကောင်းဆုံး ရသတွေကို ပေးစွမ်းနိုင်တဲ့ ဇတ်ြကားကတော့ သရဲကားတွေပဲ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က The Conjuring 1 နဲ့ 2 ကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီးဒါရိုက်တယ James Wan ကနေပြီးတော့ အသစ်ထွက်ရှိလာတော့မယ့် The Conjuring 3 (The Devil Made Me Do It) ဇာတ်ကားနဲ့ ပတ်သတ်ပြီး အကြောင်းအရာတစ်ချို့ကို ပြောကြားခဲ့ကြောင်း ew.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
The Conjuring 3 ဇာတ်ကားဟာ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလထဲမှာ ထွက်ရှိတော့မယ့်လို့ တရားဝင်ကြေညာခဲ့ပေမယ့် လက်ရှိ COVID 19 ကပ်ရောဂါ အခြေအနေကြောင့် ရုံတင်ပြသမယ့်ရက်ဟာ တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့ပြီး အခုဆိုရင်တော့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Conjuring 3 ဇာတ်ကားဟာလည်း နာမည်ကြီး ဒါရိုက်တာ Micheal Chaves ရိုက်ကူးထားပြီး အဆိပြါ ဇာတ်ကားထဲမှာ Patrick Wilson နဲ့ Vera Farmiga တို့ဟာ သရဲနှင်သူဇနီးမောင်နှံဖြစ်တဲ့ Ed နဲ့ Lorraine Warren အဖြစ် ပြန်လည်ပါဝင်သရုပ်ဆောင်မှာကြောင့် The Conjuring ပရိသတ်တွေအနေနဲ့ တော်တော်လေးကို စိတ်ဝင်တစားမျှော်လင့်နေတဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။
“မကြာသေးခင်က ထွက်ရှိခဲ့တဲ့ The Conjuring 3 ရဲ့ behind the scenes ကိုလည်း တော်တော်များများ ကြည့်ပြီးကြမယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောနိုင်တာ တစ်ခုကတော့ ကျွန်တော်ရိုက်ကူးခဲ့တဲ့ Conjuring 1 နဲ့ 2 ထက် ဒီဇာတ်ကားက အဆပေါင်းများစွာ ပိုကြောက်ဖို့ကောင်းမယ်ဆိုတာပါပဲ။ လက်ရှိအချိန်က COVID 19 ကပ်ရောဂါ ကာလနဲ့ တိုက်ဆိုင်သွားတာကြောင့် ဇာတ်ကား ထွက်ရှိမယ့်ရက်က နောက်ဆုတ်သွားခဲ့ပါတယ်။ ဒါပေမယ့် Conjuring ပရိသတ်တွေ ဒီလိုမျိုးစောင့်နေရတာနဲ့တန်တဲ့ ခံစားမှုတစ်ခုခုကို ဒီဇာတ်ကားက အပြည့်အဝပေးစွမ်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”လို့ James Wan က ပြောကြားခဲ့ပါတယ်။
View this post on Instagram
The most cursed month is in full swing. Not even Ed and Lorraine can protect you…
Pyi Hein Kyaw