မြန်မာ့ရေမြေအလှမှာ ပျော်ရွှင်ချမ်းမြေ့ခဲ့ရတယ်ဆိုတဲ့ ကမ္ဘာကျော်တီဗွီ Presenter

BBC2 မှာ သတင်းတင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ တီဗွီ Presenter တစ်ယောက်ဖြစ်တဲ့ Jan Leeming ဟာ အပေါင်းအပါ နှစ်ယောက်နဲ့အတူ မြန်မာ့အထင်ကရ နေရာတွေကို လာရောက်လည်ပတ်ကာ အမှတ်တရ ရုပ်သံနဲ့၊ ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။

Jan ဟာ ခရစ္စမတ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရွှေးချယ်ခဲ့ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ တစ်ကိုယ်ရေခရီးစဉ်တွေ စတင်ခဲ့ပါတယ်။ သူမရဲ့ခရီးစဉ်မှာ မြန်မာပြည်ဟာ အလွန်ငြိမ်းချမ်းပြီး၊ ဒေသခံလူမျိုးတွေကလည်း ရိုးသားပြီး ချစ်ဖွယ်ကောင်းကြောင်း ဖော်ပြခဲ့ပါတယ်။

Jan ဟာ ကုန်းတစ်တန် ရေတစ်တန် ခရီးတွေနှင်ခဲ့ပြီး ဒေသခံတွေနဲ့လည်း ပျော်ပျော်ပါးပါး ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ မန္တလေးမြို့မှ 12 နာရီကြာ နေ့ဝက်ခရီးကို စီစဉ်ခဲ့ပြီး၊ ဧရာဝတီမြစ်ထဲမှာ စက်လှေစီးခြင်း၊ အတုမရှိကျောင်းတော်၊ ဦးပိန်တံတား၊ မဟာမြတ်မုနိရုပ်ရှုင်တော်မြတ်ကြီး စတဲ့နေရာတွေကို သွားရောက်ဖူးမျှော် လေ့လာခဲ့ပါတယ်။

READ
ဇာတ်လမ်းတွဲရိုက်ကူးပြီးစီးသွားချိန်မှာနှစ်ယောက်သားမျက်ရည်ကျခဲ့ရတဲ့ မိန်းမချောနဲ့ စံမြန်း


ဒါ့အပြင် Jan ဟာ နှစ်ပေါင်း 100 ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ရွှေပန်းတိမ် လုပ်ငန်းနဲ့၊ ရွှေပြားခတ်လုပ်ငန်းတွေကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။ သူမဟာ ဧရာဝတီမြစ်ထဲမှာ စက်လှေစီးပြီး သဲသောင်ယံပေါ်မှာပဲ ညစာ စားခဲ့ကြောင်း ခရီးစဉ်မှာ ဖော်ပြထားပါတယ်။


Jan ဟာ စစ်ကိုင်းရှိ ဘုရားပေါင်းစုံကိုလည်း သွားရောက်ဖူးမျှော်ခဲ့ပါတယ်။ နောက်တစ်ရက်မှာ ရန်ကုန်မြို့ကို ရောက်ရှိသွားခဲ့ပြီး နှစ်ပေါင်း 2500 ကျော်သက်တမ်းရှိ ရွှေတိဂုံစေတီတော်ကြီးကိုလည်း ဖူးမျှော်ခဲ့ပါတယ်။ ရွှေတိဂုံစေတီတော်ကြီးရဲ့ ထီးတော်ကိုလည်း အသေးစိပ်ဖော်ပြချက်နဲ့ ဂုဏ်ပြုခဲ့ပါတယ်။

Jan ဖော်ပြထားတဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ ထီးတော်မှာ စိန်ပေါင်း 5448 ပွင့် စီခြယ်ထားကြောင်း၊ ပတ္တမြားပေါင်း 2317 ခု ပါဝင်ကြောင်း၊ စိန်ဖူးတော်မှာ 76 ကာရက်ရှိ စိန်ကျောက်ကြီးဖြစ်ကြောင်း ဖော်ပြထားပါတယ်။ သူမဟာ ဒေသခံ အလှူပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ အလှူတွေမှာလည်း ပါဝင်ခဲ့ကြောင်း ခရီးသွားဆောင်ပါးမှာ ဖော်ပြထားပါတယ်။

READ
အလန်းဆုံး MMA အမျိုးသမီးဖိုက်တာမမ (၁၀)ယောက်

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE