သူတို့မိသားစုရဲ့ မင်္ဂလာသတင်း အကြောင်း အသိပေးခဲ့တဲ့ သရုပ်ဆောင် Jang Nara ရဲ့ အဖေ

IG/nara0318

သရုပ်ဆောင် Jang Nara ရဲ့ အစ်ကို ဖြစ်သူ သရုပ်ဆောင် Jang Sung Won ကတော့ သူတို့ မိသားစုရဲ့ မင်္ဂလာသတင်းကို ပရိသတ်တွေဆီကို ပြောပြခဲ့ပါတယ်လို့ soompi ကနေ ဖော်ပြထားခဲ့ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့မှာ သရုပ်ဆောင် Joo Ho Sung ရဲ့ သားဖြစ်သူလည်း ဖြစ်ပြီး သရုပ်ဆောင် Jang Nara ရဲ့ အစ်ကိုဖြစ်တဲ့ သရုပ်ဆောင် Jang Sung Won က မင်္ဂလာဆောင်တော့မယ်လို့ ဖခင်ဖြစ်သူက အောက်တိုဘာလမှာ သူ့သား မင်္ဂလာဆောင်တော့မယ့် အကြောင်းကို ပရိသတ်ဆီ အသိပေးခဲ့ပါတယ်။

 

 

View this post on Instagram

 

오늘 아내의서랍에는 참 예쁜관객이 있었어요. ^^

A post shared by 주호성 (@juhos50) on

ဖခင်ဖြစ်သူ သရုပ်ဆောင် Joo Ho Sung က နောက်ဆုံးတော့ ကျွန်တော်တို့ မိသားစုမှာ မင်္ဂလာသတင်းလေး မျှဝေဖို့ ဖြစ်လာခဲ့ပါပြီ။ ဒီနေ့ ကျွန်တော့်သားက မင်္ဂလာပွဲအကြို ဓာတ်ပုံရိုက်ခဲ့ပြီး မင်္ဂလာပွဲကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်လို့ ရေးသားထားခဲ့ပါတယ်။

 

 

View this post on Instagram

 

연극연습하는데 연습실 인근에서 촬영한다길래 현장으로 달려가 촬영틈에 함께 피자먹고 커피마시고 약간의 산책도 했다. ‘운동해라 배나왔다 수염깍아라’ 바가지가 삼태기로 쏟아졌다. 그중에 제일 겁나는건 ‘산좋고 물좋고 인터넷 안되는곳에 보낸다’는 협박이다. 내가 좋아하는 감까지 한개 사서 보내주겠단다. 엄마 허락은 일도 아니란다. 에이구~~~코로나 시국에 강행되는 촬영으로 쌓이는 수투레쓰가 그래서 풀린다면 나야뭐… 걍 낄낄대는 농담이 아니라 자진해서 감하나 사들고 산속으로 가도된다는 생각이들더라구 ㅋ #오마이베이비 #장나라 #tvN #수목드라마 #밤10시50분 #장하리 #본방사수

A post shared by 주호성 (@juhos50) on

ဖခင်ဖြစ်သူက သားရဲ့ မင်္ဂလာသတင်းကို ပရိသတ်တွေကို ပြောပြခဲ့သလို သူ့ရဲ့ သမီး Jang Nara ကိုလည်း သူ့အစ်ကိုလို မင်္ဂလာပွဲ လုပ်စေချင်လှပြီဆိုပြီး သူ့မျှော်လင့်ချက်ကို ပြောခဲ့ပါသေးတယ်။ သား ဖြစ်သူက အသက်တဖြည်းဖြည်း ကြီးလာပြီမို့ လက်ထပ်ဖို့ကို စိတ်ပူနေခဲ့တာ အခုတော့ စိတ်ပူတာတွေ အဆုံးသတ်ခဲ့ပါပြီဆိုတဲ့ အကြောင်းကို ရေးသားပြီး သူ့သမီး လက်ထပ်ဖို့ကိုလည်း မျှော်လင့်နေခဲ့ပါတယ်။

READ
ကြည်နူးစရာကောင်းပုံရိပ်တွေနဲ့ လူမင်းတို့ ဇနီးမောင်နှံ

 

 

View this post on Instagram

 

브라더와 나.

A post shared by 장나라 (@nara0318) on

သူတို့ မိသားစုရဲ့ မင်္ဂလာသတင်းကို မျှဝေခဲ့ပြီးတဲ့နောက် သရုပ်ဆောင် Joo Ho Sung က ရောဂါပြန့်ပွားနေမှုကို ကာကွယ်တဲ့အနေနဲ့လည်း မင်္ဂလာပွဲကို အကျဉ်းချုံးပြီး သူငယ်ချင်းအချို့နဲ့ မိသားစုတွေကိုပဲ ဖိတ်မှာပါလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေအတွက် Youtube ကနေ ဗီဒီယို ပြဖြစ်ဖို့ များပါတယ်လို့ ပြောခဲ့ပါသေးတယ်။

 

သားဖြစ်သူကို ရွေးချယ်ပေးခဲ့တဲ့ ချွေးမလေးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီးတဲ့နောက်မှာ ဒီလို ကပ်ဆိုးကြီးကိုလည်း အမြန်ပြီးစေချင်ပြီး သူတို့ရဲ့ မိသားစုဝင်အသစ်ကို တလောကလုံးကို ပြချင်နေမိကြောင်း ပြောလိုက်ပါတယ်။

READ
စပွန်ဆာ ရုပ်ရှင်ဇာတ်ကား Red Carpet ပွဲမှာ တွေ့ရတဲ့ မြတ်ကေသီအောင်

Jang Sun Won ကတော့ ၁၉၉၅ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီး မကြာသေးခင်ကလည်း To All the Guys Who Loved Me ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပါသေးတယ်။

Kham

SHARE