သူမရဲ့ အရပ်အမောင်းနဲ့ ပတ်သက်ပြီး စိတ်ဖိစီးနေရတဲ့ IZ*ONE အဖွဲ့ဝင် Jang Won Young

ig/@izone___jangwonyoung

IZ*ONE ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အဆိုတော်မလေး Jang Won Young က သူမရဲ့ အရပ်နဲ့ ပတ်သက်ပြီး တစ်ခါတစ်လေ လူအများရဲ့ အာရုံစိုက်မှုခံရတာကြောင့် စိတ်ဖိစီးရတယ်လို့ ပြောပြလာခဲ့ပါတယ်။ သူမက ‘Running Man’ အစီအစဉ်မှာ ဧည့်သည်အဖြစ် ပါဝင်လာခဲ့တာ ဖြစ်ပြီး သူမစိတ်ဖိစီးရတဲ့ အကြောင်းအရင်းကို ပြောပြခဲ့တယ်ဆိုတဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။

Show အစမှာ Yu Jae Seok က Jang Won Young ကို သူတို့ ဟိုတစ်ခေါက်တွေ့တဲ့အချိန်တုန်းကထက် ပိုပြီး အရပ်ရှည်လာသလို ထင်ရတယ်လို့ ပြောတဲ့အခါမှာတော့ သူမက “ကျွန်မတို့ ဟိုတစ်ခေါက် တွေ့တဲ့အချိန်တုန်းကထက် 2 to 3 cm (0.8 to 1.2 inches) လောက် ရှည်သွားတယ်ထင်တယ်လို့” ပြန်လည်ဖြေကြားခဲ့ပါတယ်။

သူမရဲ့ အရပ်နဲ့ ပတ်သက်ပြီး စိတ်ဖိစီးရတဲ့ အကြောင်းကိုလည်း အခုလိုပြောပြထားပါသေးတယ် “ ကျွန်မ အမြဲတမ်း အရပ်ဘယ်လောက်ရှိလဲဆိုပြီး အမေးခံရတယ် အရင်တုန်းကတော့ ဒီအရပ်နဲ့ ပတ်သက်ပြီး စိတ်ဖိစီးတာတွေ မရှိခဲ့ပါဘူး ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရရင် ခုရက်ပိုင်းမှာတော့ ဒါဟာ စိတ်ဖိစီးမှု နည်းနည်းဖြစ်စေပါတယ် လူတွေက ကျွန်မကို မေးကြတယ် နင်အရပ်ထပ်ရှည်အုံးမှာလား နင်အရပ်ကြီးက ရှည်လိုက်တာ စသဖြင့်ပေါ့ အခုလည်း ရှင်က ကျွန်မကို မေးပြန်တယ် ဒီတော့… ” ဆိုပြီး သူမပြောတာကို အားလုံးက သဘောကျပြီး ရယ်မောခဲ့ကြပါတယ်။ Jang Won Young ရဲ့ အရပ်ဟာ 171 cm (67.32 inches) အထိကို ရှည်ပါတယ်။

READ
ဘာသာစကား(၄)မျိုး ကျွမ်းကျင်စွာ ပြောနိုင်တဲ့ Miss Universe Thailand(2017)

Khin

SHARE