အမှိုက်ကောက်တာ ရှက်စရာမဟုတ်ကြောင်း သက်သေပြခဲ့တဲ့ ဘောလုံးပရိသတ်များ

ရုရှားနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ များစွာသော ပရိသတ်တွေဟာ ၄င်းတို့ရဲ့ နိုင်ငံ့အသင်းကို အသီးသီးရောက်နေကြတာလည်း သိပြီးသားဖြစ်မှာပါ။ ပရိသတ်တွေဟာ သူတို့ရဲ့ ဆူညံကျယ်လောင်စွာ ပွဲခံလေ့ရှိကြသလို၊ တစ်ခါတစ်ရံ လက်ထဲမှာ ပစ္စည်းပစ္စယ အစုံနဲ့တောင်တွေ့ရတတ်ပါတယ်။ တချို့ နိုင်ငံက ပရိသတ်တွေဟာ သူတို့အသင်းပေါ် ထက်သန်တဲ့အားပေးမှုတွေနဲ့ ရည်ရွယ်ချက်စေတနာတို့ကြောင့်နဲ့သာမက  လေးစားဖွယ်ကောင်းတဲ့ အမူအကျင့်တွေကြောင့်ပါ ချီးမွမ်းခြင်းကို ခံရပါတယ်။

Indy Football

ဂျပန်အသင်းက ကိုလံဘီယာအသင်းကို သမိုင်းဝင် အနိုင်ရခဲ့တဲ့နောက်မှာ ဂျပန်ပရိသတ်တွေဟာ ကွင်းတွင်းမှာ နေရစ်ခဲ့ကြပြီး အမှိုက်တွေကို သိမ်းကျုံုးခြင်းနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။ ပလတ်စတစ်အိတ်တွေနဲ့ အမှိုက်တွေကို လိုက်ကောက်သိမ်းနေတာကိုလည်းတွေ့ရပါတယ်။

Indy Football

ကိုလံဘီယာအသင်းရဲ့ ပရိသတ်တွေပါ ပါဝင်ခဲ့ကြပါတယ်။

9gag
9gag

ဂျပန်ပရိသတ်တွေရဲ့ အမူအကျင့်တွေဟာ တခြား ပရိသတ်တွေအပေါ် ကူးစက်သွားဟန်ရှိတယ်။ ပိုလန်အသင်းကို ရင်သ ပ်ရှုမောဖွယ် အနိုင်ယူပြခဲ့တဲ့ ဆီနီဂေါအသင်းရဲ့ ပရိတ်တွေဟာဆိုလည်း ကွင်းတွင်းမှာ နေရစ်ခဲ့ကြပြီး အမှိုက်တွေကို ရှင်းလင်းသွားခဲ့ကြပါတယ်။ ဆီနီဂေါ အသင်းဟာလည်း ဒီ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲရတဲ့ အာဖရိကန် အသင်းတစ်သင်းဖြစ်လာပါတယ်။

READ
စာသင်ရခက်တဲ့ချို့ယွင်းချက်ကို ကျော်လွှားပြီး လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့တဲ့ အမျိုးသမီးများ
9gag
9gag

ဒါကိုကြည့်ခြင်ကြောင့် အောင်နိုင်မှုတွေဟာ လူတွေကို ကောင်းတဲ့အရာတွေလုပ်ဖို့ လှုံဆော်သလားလို့တောင် ထင်ရပါတယ်။ ဘာကြောင့်လဲဆိုရင် အနှစ်သက်ဆုံး အသင်းကို အမုန်းအားပေးပြီး ကိုယ်လုပ်ထားတာတဲ့ အရာတွေကို စိတ်ရွှင်ရွှင်နဲ့ ပြန်လည်းသိမ်းကျုံးနေတာကိုတွေ့ရလေ့ရှိတဲ့အတွက်ကြောင့်ပါ။ ဒီလိုမျိုး ကောင်းမွန်တဲ့ အပြုအမူတွေကို ပရိသတ်တော်တော်များကလည်း ကျင့်သုံးနေကြပါပြီ။

Source: 9gag, Bored Panda

Matthew (Shwemom)

SHARE