ဓလေ့သစ်တစ်ခုလို လူအများကြား ပျံ့နှံ့ကုန်တဲ့ ဂျပန်နဲ့ ဆီနီဂေါပရိသတ်တွေရဲ့ စံပြလှုပ်ရှားမှု

ဂျပန်ပရိသတ်တွေက စလိုက်တဲ့ စံပြလှုပ်ရှားမှုရဲ့ ပျံ့နှံ့ချက်က အုပ်စုတွင်း ပြိုင်ဘက်တွေတင် မဟုတ်ဘဲ အခြားသော နိုင်ငံက ပရိသတ်တွေဆီကိုပါ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီပျံ့နှံ့မှုကြောင့်နဲ့ပဲ အားကစား ပရိသတ်တွေရဲ့ အမြင်ရှုထောင့်တွေပါ ပြောင်းလဲလာကြတယ်။

9gag

ဘရာဇီးမှာ ကျင်းပခဲ့တဲ့ (၂၀၁၄) ကမ္ဘာ့ဖလားကတည်းက ဂျပန်ပရိသတ်ဟာ ကိုယ့်အသင်း နိုင်နိုင်၊ ရှုံးရှုံး ကြည့်ခဲ့တဲ့ ပွဲကြည့်စင် တ၀ိုက် သန့်ရှင်းပေးသွားခဲ့တဲ့ အကျင့်စရိုက်ကောင်းကြောင့် ကမ္ဘာတစ်ဝန်းမှာ နာမည်ကြီးခဲ့ကြပါတယ်။

9gag
9gag

အခု ကမ္ဘာ့ဖလားမှာလည်း ချစ်စရာကောင်းတဲ့ ဒီအပြုအမူကို ဂျပန်နဲ့ ကိုလံဘီယာပွဲ အပြီးမှာ စတွေခဲ့ရပါတယ်။ ဆီနီဂေါအသင်းနဲ့  တစ်ဖက် နှစ်ဂိုးစီ သရေကျတဲ့ ပွဲမှာဆိုရင် ဆီနီဂေါ ပရိသတ်တွေဟာ ကွင်းအပြင် မထွက်ခင် အမှိုက်တွေလိုက်ကောက်နေကြတာကို တွေ့ခဲ့ရပါတယ်။

READ
အလုပ်ကထွက်ပြီး ခွေးလေးတွေရဲ့အသက်လိုက်ကယ်ခြင်းကိုသာ လုပ်တော့တဲ့အမျိုးသမီး
9gag
9gag

ဒီ ဓလေ့အသစ်ဟာ ဂျပန်အသင်း ကစားတဲ့ ပွဲတွေမှာပဲ တွေ့ရတာမဟုတ်ပါဘူး။ ဥရုဂွေးအသင်းက ဆော်ဒီအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ အနိုင်ရ ပရိသတ်တွေဟာ အချင်းအချင်း လိုက်ဖ၀ါးချင်းရိုက် ပွဲခံမနေဘဲ အဲ့ဒီအစား မိမိထိုင်ခဲ့တဲ့ ခုံနဲ့ ပတ်ဝန်းကျင်က အမှိုက်တွေကို ကောက်ခဲ့ကြပါတယ်။

twitter

ခါးသီးတဲ့ အရှုံးကို လက်ခံခဲ့ရတဲ့ ဆော်ဒီပရိသတ်တွေတောင်မှ ညစ်နေတာတွေကို အမှိုက်တွေနဲ့ တခါတည်း ရှင်းပစ်ခဲ့ကြပါတယ်။

twitter

ကမ္ဘာ့အခမ်းအနားဆုံး ပြိုင်ပွဲကြီးက ဘယ်သူ အကောင်းဆုံးလဲဆိုတာကို ဆုံးဖြတ်ပေးရုံတင် မဟုတ်ဘဲ ပရိသတ်အတွက်ပါ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုသူဖြစ်ကြောင်း ပြသဖို့ အခွင့်အရေးတွေ စီစဉ်ပေးထားပါတယ်။

Source: 9gag

Matthew (Shwemom)

SHARE