ဧရာမတိရိစ္ဆာန်လေးတွေနဲ့ပုံဖော်ထားတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲကပုံရိပ်လေးများ

Ariduka55

တစ်ခါတစ်လေကျရင် ကိုယ်မွေးထားတဲ့ ကြောင်လေးတွေ၊ ခွေးလေးတွေကိုအကြီးကြီးဖြစ်သွားစေချင်ပြီး သူတို့ရဲ့ နူးညံ့တဲ့ အမွှေးတွေပေါ်မှာ အိပ်ကြည့်ချင်တာ၊ ကားလမ်းတွေပိတ်တဲ့အချိန်မျိုး သူတို့ဂုတ်ပေါ်ခွစီးပြီး ကျောင်းသွားချင်တာမျိုးတွေ တွေးဖူးမိကြမယ်ထင်ပါတယ်နော်။ ဒီစိတ်ကူးအိပ်မက်လေးကို အကောင်အထည်ဖော်ပြီး ဂျပန်ကရုပ်ပြကာတွန်းဆရာတစ်ယောက်ဖြစ်တဲ့ Ariduka55 က ရေးဆွဲပြီး လူမှုကွန်ယက်ပေါ် တင်ထားခဲ့တာပါ။ တိရိစ္ဆာန်ချစ်သူတွေအတွက်ကတော့ ဒီပုံလေးတွေကြည့်ပြီး ကြည်နူးအသည်းယားနေလိမ့်မယ်ဆိုတာ ယုံကြည်တာမို့ ဘယ်လိုချစ်စရာကောင်းတဲ့ ပုံလေးတွေဖြစ်မလဲဆိုတာ Ariduka55 ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲအလည်သွားလိုက်ရအောင်ပါနော်။

ဒဏ္ဍာရီလာသတ္တဝါလေး

Ariduka55

ကျောင်းသွားရင်လည်းခေါ်သွား

Ariduka55

ဝမ်းနည်းရင်လည်း ကပ်ချွဲတတ်တဲ့ ကလေးဆိုးကြီးတွေ

Ariduka55

တူတူပုန်းတမ်းဆော့ကြမယ်

Ariduka55

ကိုယ်စိတ်ညစ်ရင် မျက်နှာကြည့်ပြီး ငြိမ်ကုတ်ပေးတာဆိုလို့ သူတို့ပဲရှိတယ်

Ariduka55

ဖက်မလို့ကို ဇွတ်ပဲ

Ariduka55

အရမ်းလိုချင်နေပါပြီ

Ariduka55

ကော်ဖီသောက်ပြီး နှစ်ယောက်သား chill

Ariduka55

အတူတူလည်းပျင်းလို့ရတယ်

Ariduka55

Source: Boredpanda

Penny

SHARE