အမှိုက်ကနေ ရွှေဖြစ်အောင် ပြုလုပ်တဲ့နည်းလမ်း တွေ့ရှိခဲ့ပြီဖြစ်တဲ့ ဂျပန်

လူတစ်ယောက်အတွက် အမှိုက်ဟာ အခြားလူတစ်ယောက်အတွက်တော့ အဖိုးတန်ရတနာပစ္စည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်လည်း တိုကျိုမြို့ (၂၀၂၀) ခုနှစ် အိုလံပစ်နဲ့ ပါရာလမ်ပစ် ဂိမ်းကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အနိုင်ရအားကစားသမားတွေဟာ ပြန်လည်သန့်စင်ထားပြီးတဲ့ အမှိုက်တွေကို ဆုတံဆိပ်တွေအဖြစ် ရရှိမှာပါ။ ဂျပန် အိုလံပစ်နဲ့ ပါရာလမ်ပစ်ဂိမ်းကော်မတီဟာ ဆန်းသစ်တီထွင်မှုတစ်ခုကို လုပ်ခဲ့ပါတယ်။ ၄င်းတီထွင်မှုကို Medal Project လို့ အမည်ပေးထားပြီး ပရောဂျက်ဟာ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနိုင်မယ့် အဖိုးတန်ပရောဂျက်တစ်ခု ဖြစ်ပါတယ်။

Image credits: TeamUSA
Image credits: Shutterstock

Medal Project ဟာ ရွှေတံဆိပ် အခု(၅,၀၀၀) ၊ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်တွေကို ဖုန်းကဲ့သို့ လူတွေအသုံးမလိုတော့တဲ့ အီလက်ထရောနစ်ပစ္စည်းတွေကနေ ဖန်တီးရယူမှာ ဖြစ်ပါတယ်။ ဂျပန်အိုလံပစ်ကော်မတီက သူတို့ဟာ ရွှေတံဆိပ်တွေကို ပြန်လည်သန့်စင်ရာမှာ (၁၀၀) ရာခိုင်နှုန်း အရည်အသွေးပြည့်မီအောင် အကောင်းဆုံးထုတ်လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပရောဂျက်ဟာ နည်းပညာပိုင်းဆိုင်ရာ ဂျပန်လူမျိုး အကျော်အမော်တွေလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

READ
လမ်းဘေးရပ်ထားတဲ့ လူအပြည့်နဲ့ ကားတစ်စီးကို ချို(ဂျို)စွမ်းပြခဲ့တဲ့ နွားရိုင်းတစ်ကောင်
Image credits: Tokyo2020

ဆုတံဆိပ်တွေဖန်တီးဖို့ စွန့်ပစ်ထားတဲ့ ပစ္စည်းတွေကို အသုံးချရုံတင်မကပဲ နိုင်ငံသားတွေအနေနဲ့လည်း အသုံးမလိုတော့တဲ့ လျှပ်စစ်ပစ္စည်းတွေရှိရင် ကော်မတီကို လှူဒါန်းနိုင်ပါတယ်။ ကော်မတီရဲ့ လျှပ်စစ်ပစ္စည်း အလှူခံမှုဟာ (၂၀၁၈) ခုနှစ် အောက်တိုဘာလကတည်းက စတင်ခဲ့ပြီး ပရောဂျက်ဟာ ကြေး(၂,၇၀၀) ကီလိုဂရမ်၊ ရွှေ(၃၀.၃) ကီလိုဂရမ်နဲ့ ငွေ(၄,၁၀၀) ကီလိုဂရမ်ရဖို့ မျှော်မှန်းထားပါတယ်။ အလှူခံစုဆောင်းမှုကတော့ (၂၀၁၉) ခုနှစ် မတ်လ(၃၁) ရက်နေ့အထိ ဖြစ်ပါတယ်။

Image credits: Olympic

“အိုလံပစ်နဲ့ ပါရာလမ်ပစ် ဆုတံဆိပ်တွေအတွက် ထုတ်လုပ်ဖို့ လိုအပ်တဲ့ သတ္တုတွေကို ပြည်သူတွေလှူဒါန်းထားတဲ့ လျှပ်စစ်ပစ္စည်းတွေဆီကနေ ထုတ်ယူလို့ ပြီးပါပြီ…” လို့ တိုကျို(၂၀၂၀) အဖွဲ့အစည်းက ဆိုပါတယ်။ တိုကျိုကော်မတီဟာ NTT DOCOMO အမည်ရတဲ့ ဂျပန်လူနေမှုဝန်းကျင်သန့်စင်ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ၀န်ကြီးဌာန၊ တိုကျို မြို့ပြအစိုးရတို့နဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်လျက်ရှိနေပါတယ်။

Image credits: LoriOki

ဂျပန်ရဲ့ အခုလို စွန့်ဦးတီထွင်မှုဟာ လတ်တလော ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းထားတဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ လျှပ်စစ်အမှိုက်ပြဿနာဟာ ကမ္ဘာနဲ့ချီပြီး အလျင်အမြန်ကြီးထွားလာနေတဲ့ ပြဿနာကြီးတစ်ခု ဖြစ်နေပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်အရ (၂၀၁၆) ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းလုံး လျှပ်စစ်ပစ္စည်း တန်ချိန်သန်းပေါင်း (၄၅) သန်း စွန့်ပစ်ခဲ့ရာမှ (၂၀) ရာခိုင်နှုန်းလောက်ကိုပဲ ပြန်လည်သန့်စင်ပြီး အသုံးပြုနိုင်ခဲ့ကြောင်း သိရပါတယ်။

READ
မိခင်သေဆုံးမှန်းမသိဘဲ နို့စို့နေတဲ့ကလေးငယ်ရဲ့အဖြစ်က လူတိုင်းကို မျက်ရည်ဝိုင်းစေခဲ့
Image credits: koichiro-tezuka

အောက်ဘက်မှာတော့ လျှပ်စစ်ပစ္စည်းတွေကို စုဆောင်းပြီးတဲ့အခါ တစ်စစီဖြိုခွဲပြီး သတ္တုရိုင်းကို အရည်ကျိုတဲ့ ဖြစ်စဉ်ပါ။

Image credits: jeplan

တစ်စစီဖြုတ်ပစ်ပြီး…

Image credits: minami-kinzoku

ရွှေကို ထုတ်ယူပါတယ်…

Image credits: tanaka

ပြီးတော့ ပြန်လည် သန့်စင်ပါတယ်…

Image credits: tanaka

ရွှေစင်စစ် ရရှိပြီဖြစ်ပါတယ်…

Image credits: tanaka

လင်းလင်း (ShweMom)

Ref: boredpanda

SHARE