ဂျပန်ကုမ္ပဏီတစ်ခုကတီထွင်ပြုလုပ်ခဲ့တဲ့ ထူးထူးဆန်းဆန်း ငှက်ပျောသီးတူ

Youtube-凍らさなくても釘が打てるバナナ!?そんなバナナ!

ဂျပန်နိုင်ငံဆိုတာ အာရှတိုက်မှာ နည်းပညာနဲ့ ပတ်သတ်လာရင်တော့ တစ်ကယ့်ထိပ်တန်းနိုင်ငံတစ်ခုပါပဲ။ လျှပ်စစ်ပစ္စည်းတွေ၊ လူ့အသုံးအဆောင်ပစ္စည်းတွေကို အမြဲလိုလို ဆန်းဆန်းပြားပြားတွေ ထုတ်လုပ်လေ့ရှိပြီး ထုတ်လုပ်တဲ့ ပစ္စည်းတိုင်းဟာလည်း တစ်ကယ့် အကောင်းစားတွေဖြစ်တာကြောင့် ဈေးကွက်မှာဆိုရင် ဂျပန်နိုင်ငံထုတ် ပစ္စည်းတွေဟာ အမြဲလိုလို နေရာရစမြဲပါပဲ။

အခုလည်း ဂျပန်ကုမ္ပဏီတစ်ခုဟာ Banana Hammer DX လို့ အမည်ရတဲ့ ငှက်ပျောသီးတူတစ်ခုကို ဈေးကွက်ထဲမှာ မိတ်ဆက်ကြေညာခဲ့ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

YouTube- IRON FACTORY

လူတိုင်းစားဖူးတဲ့ ငှက်ပျောသီးဆိုတာ စားစရာ အသီးအနှံတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Castem လို့ အမည်ရတဲ့ ကုမ္ပဏီတစ်ခုကတော့ အဆိုပါ ငှက်ပျောသီးကို တူပုံစံ ပြုလုပ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ အဆိုပါ Banana Hammer DX ဟာ ငှက်ပျောသီးကို အအေးခံပြီး တူပုံစံပြုလုပ်ခဲ့တာ မဟုတ်ပါဘူး။ တစ်ကယ့် ငှက်ပျောသီးအစစ်ကို အပူပေးပြီး သံရည်ကျိုကာ တူပုံစံ အသုံးပြုလို့ ရအောင် တီထွင်ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အောက်မှာ တွေ့ရတဲ့ ပုံကတော့ ၂၀၁၉ ခုနှစ်မှာ Castem ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ တူပဲ ဖြစ်ပါတယ်။

READ
ပြင်သစ်တွင် ပိန်လွန်းတဲ့ မော်ဒယ်တွေကို အနုပညာလှုပ်ရှားခွင့် ပိတ်ပင်မည်
YouTube- IRON FACTORY

အဆိုပါ တူပုံစံဟာ ငှက်ပျောသီးနဲ့တူတယ်ဆိုပြီး လူတော်တော်များများက ဝေဖန်ခဲ့ပြီး ဆိုရှယ်မီဒီယာမှာ troll ခဲ့ပါသေးတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ နိုင်ဝင်ဘာလ ၂၀ ရက်နေ့မှာ Castem ကုမ္ပဏီက ငှက်ပျောသီးပုံစံတူ Banana Hammer DX ကို တရားဝင်မိတ်ဆက်ပေးခဲ့ပြီး တစ်ကယ့် ငှက်ပျောသီးအစစ်ကို တူပုံစံဖြစ်အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဈေးကတော့ Banana Hammer DX တစ်ခုကို ယန်းငွေ 11,877 (အမေရိကန်ဒေါ်လာ ၁၁၄.၂၂) ကျသင့်မှာ ဖြစ်ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE