မျက်နှာပုံစံနဲ့ တစ်ထေရာအတိုင်း 3D မျက်နှာဖုံးကို တီထွင်ရောင်းချနေတဲ့ ဂျပန်ကုမ္ပဏီ

Kamenya Omote

လမ်းသွားနေရင်းနဲ့ ကိုယ့်မျက်နှာနဲ့ တစ်ထေရာတည်း တူနေတဲ့ လူတစ်ယောက်ကို သင်တွေ့ရင် ဘယ်လို ခံစားချက် ဖြစ်ပေါ်လာမှာလဲ? မျက်နှာမှာရှိတဲ့ အစက်အပြောက်၊ ဝက်ခြံတွေပါ မရွေး အကုန်တူနေတဲ့ ကိုယ့်မျက်နှာနဲ့ လူတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရင် လန့်သွားမှာတော့ အမှန်ပါပဲ။ အဲဒီလို အဖြစ်မျိုးတွေဟာ မကြာခင်အချိန်အတွင်း ကြုံတွေ့လာနိုင်လောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်ကုမ္ပဏီတစ်ခုဟာ လူတစ်ယောက်ရဲ့ မျက်နှာနဲ့ လုံးဝတစ်ထပ်ကျတဲ့ လူမျက်နှာဖုံးပုံစံကို လုံးဝတီထွင်နိုင်ခဲ့တာကြောင့်ပဲဖြစ်ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Kamenya Omote

အဆိုပါ ကုမ္ပဏီကတော့ Kamenya လို့ အမည်ရတဲ့ ဂျပန်အခြေစိုက် မျက်နှာဖုံးကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။ အပေါ်မှာ တွေ့ရတဲ့ ပုံကတော့ အဆိုပါ ကုမ္ပဏီရဲ့ ပိုင်ရှင်ကိုယ်တိုင် သူ့ရဲ့ မျက်နှာပုံစံကို မျက်နှာဖုံးအဖြစ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ မျက်နှာဖုံးဟာ ပုံစံယူထားတဲ့ တစ်ကယ့်မျက်နှာအစစ်နဲ့ ၁ဝ၅ ရာခိုင်နှုန်းအထိ လုံးဝတူကြောင်း စမ်းသပ်ချက်တွေအရ သိရှိရပါတယ်။ အခုဆိုရင် အဆိုပါ ကုမ္ပဏီကနေပြီးတော့ ဘယ်လိုမျက်နှာပုံစံဖြစ်ဖြစ် အမေရိကန်ဒေါ်လာ ၃၈၀ ပေးပြီး ဝယ်ယူနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် အဲဒီလို ကိုယ့်ရဲ့မျက်နှာပုံစံကို ရောင်းလိုက်တဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်မျက်နှာပုံစံ မျက်နှာဖုံးကို ဘယ်သူကဝယ်ယူသွားတယ်ဆိုတာကိုတော့ သိခွင့် မရှိကြောင်း သိရပါတယ်။

READ
မိုးလေ၀သအစီစဉ်ကြေငြာသူထဲမှာ ကမ္ဘာ့အဟော့ဆုံးအမျိုးသမီး
Kamenya Omote

“ကျွန်တော်တို့ ကုမ္ပဏီက အခုအချိန်ကနေစပြီးတော့ ဘယ်လိုမျက်နှာပုံစံဖြစ်ဖြစ် အမေရိကန်ဒေါ်လာ ၃၈၀ ပေးပြီး ဝယ်ယူကာ အဲဒီမျက်နှာဖုံးကိုလည်း တစ်ခြားလူတွေဆီ ပြန်ရောင်းနေပြီ ဖြစ်ပါတယ်။ အရင်တုန်းက ဒီလိုမျိုးပုံစံတွေကို သိပ္ပံဇာတ်ကားတွေထဲမှာပဲ တွေ့ခဲ့ဖူးကြတာပါ။ အခုဆိုရင်တော့ လက်တွေ့မှာ ဒီကိစ္စကြီးက တစ်ကယ်ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်”လို့ Kamenya ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Kamenya Omote

Pyi Hein Kyaw

SHARE