ထိုင်းမှာပုန်းနေတဲ့ (၇၂)နှစ်အရွယ် ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးကို၊ ဖမ်းဆီးရမိခဲ့

ဂျပန်နိုင်ငံမှာ ရာဇဝတ်မှုတွေ ကျူးလွန်ပြီးနောက်၊ ထိုင်းနိုင်ငံမှာ ထွက်ပြေးပုန်းခိုနေတဲ့ ယာကူဇာဂိုဏ်းဝင်တစ်ဦးကို ထိုင်းရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဆိုပါ ယာကူဇာဂိုဏ်းသားဟာ အသက်အားဖြင့် (၇၂)အရွယ်ကို ရောက်နေပြီဖြစ်ပြီး၊ ထိုင်းမှ ခိုလှုံနေတာ ကြာပါပြီ။ ဒါပေမယ့် သူရဲ့ ကျောနဲ့ ဝမ်းဗိုက်တစ်လျှောက်ထိုးထားတဲ့ Tattoo တွေအရ ယာကူဇာတစ်ဦးလို့ ရဲက သံသယရှိခဲ့တာပါ။

အဆိုပါအဖိုးအိုရဲ့ နာမည်မှာ Shigeharu Shirai ဖြစ်ပြီး လွန်ခဲ့တဲ့ (၁၄)နှစ်ကတည်း ထိုင်းနိုင်ငံထဲမှာ လာရောက်တိမ်းရှောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဂျပန်ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ရာဇဝတ်သားလည်းဖြစ်ပြီး (၂၀၀၃)ခုနှစ်က ပြိုင်ဘက်ဂိုဏ်းသားတစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

Viral Press

ထိုင်းနိုင်ငံကို ရောက်ပြီးနောက် Shirai ဟာ ဒေသခံအမျိုးသမီးတစ်ယောက်ကိုလည်း လက်ထပ်ယူခဲ့ပြီး၊ ယာကူဇာအဖွဲ့ဝင်အဖြစ်က အနားယူခဲ့ပါတယ်။ ဒါပေမယ့် သူ့ဟာ စစ်တုရင်ပွဲတစ်ခုကို ဝင်ရောက်ဆင်နွှဲချိန်မှာ အင်္ကျီကိုချွတ်ပြီး ဆင်နွှဲခဲ့ရာက သူ့ခန္ဓာကိုယ်အနှံ့အပြားမှာထိုးထားတဲ့ Tattoo တွေကို ရဲက သံသယရှိခဲ့ပါတယ်။

READ
မြေပြင်အထက် ပေ (၄၀၀)မှာ ကျင်းပခဲ့တဲ့ ရင်သပ်ရှုမောဖွယ် မင်္ဂလာပွဲတစ်ပွဲ
Viral Press

သူရဲ့လက်သန်းကလည်း ပြတ်တောက်နေပြီး ဒါဟာ ယာကူဇာတွေရဲ့ အပြစ်ပေးပုံတွေထဲက တစ်ခု ဖြစ်ပါတယ်။ ယာကူဇာတွေဟာ ဂိုဏ်းစည်းကမ်းချိုးဖောက်တာပဲဖြစ်ဖြစ်၊ အစိုးရက ထိပ်တိုက်တွေ့နိုင်တဲ့အပြစ်တစ်ခု ချိုးဖောက်တာပဲဖြစ်ဖြစ် ယခုကဲ့သို့ လက်သန်းထိပ်ကို ဖြတ်ကာ အပြစ်ပေးလေ့ရှိကြကြောင်း သိရပါတယ်။

EPA

Shirai က နောက်ပိုင်းမှာ သူ့ရဲ့အပြစ်တွေကို ဖြောင့်ချက်ပေးခဲ့ပြီး သူဟာ ယာကူဇာဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းတစ်ခုဖြစ်တဲ့ ကိုဒိုကိုင်ဂိုဏ်းမှာ ခေါင်းဆောင်ဖြစ်ခဲ့ကြောင်း၊ သူနဲ့ ဂိုဏ်းခေါင်းဆောင်(၇)ဦးတို့ဟာ ခေါင်းဆောင်နေရာလုမှုအတွက် အခြားထိပ်သီးဂိုဏ်းခေါင်းဆောင်ကို သေနတ်နဲ့ပစ်သတ်ခဲ့ကြောင်းဆိုပါတယ်။

Viral Press

ထိုစဉ်က ပစ်မှုကျူးလွန်ခဲ့တဲ့ ဂိုဏ်းသားတွေဟာ ဂျပန်မှာ ထောင်ဒဏ် (၁၂)နှစ်မှ  (၁၇)နှစ်အထိ ကျခံခဲ့ရပေမယ့် သူကတော့ ထွက်ပြေးလာခဲ့ကြောင်းဆိုပါတယ်။ အခုအခါမှာတော့ ထိုင်းနိုင်ငံမှာပင် အပေါ်ယံစစ်ဆေးမှုတွေ ပြုလုပ်နေပြီး သူ့ကို ဂျပန်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပြီဖြစ်ကြောင်း၊ ကျန်တဲ့အရေးယူမှုတွေကိုတော့ ဂျပန်ရဲတပ်ဖွဲ့ကပဲ ဆက်လက်ဆောင်ရွက်လိမ့်မယ်လို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE