အလေးကစားရမှာ ကြောက်သူတွေတောင် လက်ထဲကမချနိုင်ဖြစ်စေမယ့် ဝိတ်တုံးလေးများ

Mizuno

ကျွန်တော်တို့ gym တွေဘာတွေသွားပြီး အားကစားလုပ်ပြီဆိုရင် အကြောက်ဆုံးကတော့ အလေးမတာပါပဲ။ တစ်ချို့ရှိတယ်လေ။ အလေးတုံးမြင်တာနဲ့ကို ကြောက်နေတာမျိုး။ မိန်းကလးတွေပိုဆိုးတယ်။ အလေးမရင် ဗလမောင်တွေလို ဗလကြီးတွေ ထွက်ကုန်မှာပေါ့။ လက်မောင်းကြီးတွေ ကြီးကုန်မှာပေါ့ဆိုပြီး အလေးမခိုင်းရင်ကို ဂဂျီဂဂျောင်ကျတတ်တာမျိုး။

ဒီလိုကိစ္စတွေကို ဂျပန်ကတော့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဖြေရှင်းလိုက်ပြန်ပါပြီ။ အဲဒါကတော့ လက်ထဲက မချချင်လောက်အောင်ဖြစ်စေမယ့် ဝိတ်တုံးလေးတွေကို ဖန်တီးခဲ့တာပါ။

Mizuno.com

ကျွန်တော်တို့မြင်ဖူးနေကျ သာမန်ဝိတ်တုံးတွေဟာ အမည်းရောင်တွေ၊ သံအရောင်တွေနဲ့ ပုံမှန်အတိုင်း အဝိုင်းပြားတွေပဲ လာတာများတယ်ပေါ့နော်။ ဒါပေမဲ့ အခု ဂျပန်ကထုတ်လိုက်တဲ့ ဝိတ်တုံးလေးတွေကတော့ ဒီအတိုင်းကြည့်ရင်တောင် ဝိတ်တုံးတွေလို့ ထင်ရမှာမဟုတ်ပါဘူး။ ဒီတိုင်းကြည့်ရုံမဟုတ်ဘူး၊ ကိုင်ကြည့်ရင်တောင် ဘာလဲလို့ မသိရင် ပြန်မေးရမယ့် ပုံစံမျိုးပါ။

ဘာလို့လဲဆိုတော့ ပုံလေးကိုသာ ကြည့်လိုက်တော့။

Mizuno.com
Mizuno.com

ဒီအလေးတုံးလေးတွေကိုတော့ Rilakkuma ဆိုတဲ့ ကာတွန်း brand နဲ့ Mizuno ဆိုတဲ့ အားကစားပစ္စည်းထုတ်တဲ့ ကုမ္ပဏီတို့ကနေ ထုတ်လုပ်ထားခဲ့တာပါ။ မသိရင် အမွှေးပွရုပ်လေးတွေနဲ့ တူနေတဲ့ Rilakkuma အလေးတုံးလေးတွေဟာ ကိုင်ရတာလည်း လွယ်ကူတယ်၊ ကြီးကြီးမားမားမဟုတ်တဲ့အတွက် နေရာလည်း မယူတဲ့အပြင် အပြင်ဖက်မှာ အမွေးပွရုပ်လိုမျိုး အသားနဲ့ ထပ်ကွပ်ထားတဲ့အတွက် လက်ကိုလည်း ပွန်းတာတွေ၊ နီရဲတာနဲ့ အသားမာတက်တာမျိုးတွေဖြစ်စေမှာမဟုတ်ပါဘူး။

Mizuno.com

ဒါလေးကတော့ လက်တွေ့ဆော့ပြထားတဲ့ ဗီဒီယိုလေးပါ။ တစ်ခုကို ဒေါ်လာနဲ့တွ့်မယ်ဆိုရင်တော့ ၃၈ ဒေါ်လာရှိနေပါတယ်။

penny

SHARE