စည်းကမ်းမလိုက်နာတဲ့ ပြည်သူတွေကြောင့် ပန်းပင်(၈)သိန်းကျော်ကို ဖျက်ဆီးခဲ့တဲ့ ဂျပန်အစိုးရ

TripAdvisor YokohamaNoHito

လက်ရှအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် နိုင်ငံတော်တော်များများရဲ့ အစိုးရတွေဟာ သူ့တို့နိုင်ငံသားတွေ ရောဂါကာကွယ်ရေးအတွက် အိမ်ထဲကအိမ်အပြင်မထွက်ခိုင်းကြတော့ပဲ အိမ်မှာပဲနေဖို့ မေတ္တာရပ်ခံထားပါတယ်။ နိုင်င့တော်တော်များများကလူတွေကတော့ COVID 19 ကူးစက်ရောဂါနဲ့ ပတ်သတ်ပြီး Quarantine စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေမယ့် တစ်ချို့သူတွေကတော့ လိုက်နာခြင်းမရှိခဲ့ပါဘူး။

JW
TripAdvisor

အခုလည်း Japan နိုင်ငံ၊ Sakura မြို့က လူတော်တော်များများဟာ Quarantine စည်းမျဉ်းတွေကို လိုက်မနာပဲ ဖောက်ဖျက်ခဲ့တာကြောင့် ဂျပန်အစိုးရမှာ ကျူလစ်ပင်ပေါင်း ၈ သိန်းကျော်ကို ဖျက်ဆီးခဲ့ကြောင့် Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

YokohamaNoHito
YokohamaNoHito

ဒီလို ဖျက်ဆီးတယ်ဆိုတာကလည်း အကြောင်းရှိပါတယ်။ Sakyra မြို့ဟာ နှစ်စဉ်နှစ်တိုင်း Sakura Furusato Square မှာ ကျူလစ်ပန်းပွဲတော်ကို အကြီးအကျယ်ကျင်းပလေ့ရှိပါတယ်။ အခုအချိန်ဟာ ကျူလစ်ပန်းပွဲတော် ကျင်းပနေကြအချိန်ပဲ ဖြစ်ပါတယ်။ ဒီအချိန်ရောက်တိုင်း Sakura Furusato Square ထဲမှာ ကျူလစ်ပပန်းတွေက သူ့အလိုလို ဖူးပွင့်လာလေ့ရှိပြီး Square တစ်ခုလုံး ပန်းရနံ့ တွေနဲ့ ထုံသင်းနေလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ COVID 19 ကူးစက်ရောဂါဖြစ်ပွားနေတဲ့အချိန်ကြောင့် ဂျပန်နိုင်ငံမှာ လူစုလူဝေးတွေ မလုပ်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

READ
အပြာနုရောင် နှင်းခဲတွေကြောင့် ရုရှားဒေသခံများ စိုးရိမ်မှုမြင့်တက်
can2arakawa

ဒါပေမယ့် Sakura Furusato Square ကို ရောက်လာတဲ့လူတိုင်းဟာ လူစုလူဝေးနဲ့ဖြစ်ပြီး Square ထဲမှာ ကျူလစ်ပန်းပင်တွေ ပွင့်လာတာကို ကြည့်တဲ့သူတွေနဲ့ ကြပ်ပိတ်သိပ်နေပါတယ်။ ဒီမြင်ကွင်းကို တွေ့သွားတဲ့ ဂျပန်အာဏာပိုင်တွေဟာ နောက်တစ်နေ့မှာ ကျူလစ်ပန်းပင်တွေကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ကယ်တမ်းလဲ နောက်တစ်ရက်မှာ အလုပ်သမားတစ်ချို့ဟာ ဘူဒိုဇာကြီးတွေနဲပ ရောက်လာပြီး ကျူလစ်ပန်း ၈ သိန်းကျော်ကို တက်ကြိတ်ဖျက်ဆီးခဲ့ပါတယ်။

Pyi Hein Kyaw

SHARE