Cosplay ပွဲမှာ ပရိတ်သတ်ထောင်နဲ့ချီ အုံကြွအောင်လုပ်နိုင်ခဲ့တဲ့ cosplayer မလေး

@doldd, @610_cos;/Twitter

Enako လို့ပြောလိုက်တာနဲ့ otaku တွေနဲ့ anime ချစ်သူတွေ၊ cosplay လောကသာတွေကတော့ ဂျပန်နိုင်ငံရဲ့နံပါတ် ၁ cosplayer မလေးဆိုပြီး တန်းသိကြမှာပါ။ Enako ဟာ ၂၅ နှစ်ရှိနေပြီဖြစ်ပြီး cosplayer မလေးအဖြစ် ရပ်တည်ခဲ့တဲ့ သက်တမ်းတစ်လျှောက် fan တွေအများကြီးရနေခဲ့ပါပြီ။ မကြာသေးခင်မှပြုလုပ်ခဲ့တဲ့ cosplay ပွဲတစ်ပွဲမှာတော့ သူမတစ်ယောက်တည်းအင်အားနဲ့ လူအယောက်ပေါင်း ရာထောင်ချီကာ ဆွဲဆောင်နိုင်ခဲ့တယ်ဆိုပြီး ကြောက်ခမန်းလိလိသတင်းတွေ Twitter ပေါ်မှာတက်လာခဲ့ပါတယ်။

Comiket ဟာ နှစ်တိုင်းလိုလိုကျင်းပနေကျဖြစ် cosplayer တွေနဲ့ ပရိတ်သတ်တွေထိတွေ့ခွင့်ရအောင်စီစဉ်ပေးတဲ့ပွဲတစ်ပွဲပါ။ သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက်ပွဲကိုတော့ လူအယောက်ပေါင်း ၇၃၀,၀၀၀ ကျော်လောက်တက်ရောက်ခဲ့ပါတယ်တဲ့။ Cosplay တစ်ယောက်ချင်းဆီတိုင်းဟာ ဟင်းလင်ပြင်မှာ ဝတ်စုံအပြည့်နဲ့နေရမှာဖြစ်ပြီး သူတို့ရဲ့ fan တွေ၊ ဓာတ်ပုံဆရာတွေကတော့ ဓာတ်ပုံတွေဝိုင်းရိုက်ကြ၊ နှုတ်ဆက်ကြနဲ့ပျော်ပျော်ရွှင်ရွှင်ပဲပေါ့။

 

ဒီနှစ်မှာတော့ အသက် ၂၅ နှစ်အရွယ် cosplayer မလေး Enko ဟာ လူပေါင်းရာနဲ့ချီပြီး သူမအနားရောက်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတော့တယ်။ Enko ဟာ cosplay လုပ်ရင်း တစ်လကို အမေရိကန်ဒေါ်လာ ၉၄၈၁ လောက် ဝင်ငွေရရှိနေတယ်လို့ Next Shark မှ သိခဲ့ရပါတယ်။ Enko ရဲ့ ဒီနှစ်အတွက် cosplay ဇာတ်ကောင်ကတော့ Re:Zero ထဲက Rem ပါ။

ဒါကတော့ Enko ရဲ့ ချစ်စဖွယ်ပုံလေးတွေပါ။

READ
အစာနင်ပြီး အသက်ရှူရပ် သေဆုံးခဲ့ရတဲ့ ကာယဗလမောင်တစ်ဦး
@enako_cos/Twitter
@enako_cos/Twitter
@enako_cos/Twitter
@enako_cos/Twitter

 Penny

SHARE