(၁၀၁) နှစ်ထိ အလုပ်လုပ်နေသေးတဲ့ ဂျပန်ရဲ့ ပထမဆုံး အမျိုးသမီးဓာတ်ပုံဂျာနယ်လစ်

90thsite, japantimes

ဆုနီကိုဆာဆာမိုတိုဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဓာတ်ပုံ ဂျာနယ်လစ်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ (၁၉၁၄) ခုနှစ် စက်တင်ဘာလ(၁) ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဂျပန်နိုင်ငံရဲ့အသက်အကြီးဆုံး ဓာတ်ပုံဆရာလည်း ဖြစ်ပါတယ်။ ဆာဆာမိုတိုဟာ ပြီးခဲ့တဲ့နှစ်တုန်းက လက်နဲ့ခြေထောက်ကျိုးခဲ့ပေမယ့်လည်း ယနေ့ထိတိုင်အောင် ဓာတ်ပုံတွေရိုက်နေနိုင်ဆဲ ဖြစ်ပါတယ်။

Japantimes

အခုဆိုရင်တော့ သူမဟာ ပြန်လည်ထူထောင်ရေးစင်တာမှာရှိနေပြီး Hana Akari သို့မဟုတ် Flower Glow လို့အမည်ပေးထားတဲ့ ဓာတ်ပုံပရောဂျက်တစ်ခုကို လုပ်နေပါတယ်။ ဒီပရောဂျက်ကတော့ ဆာဆာမိုတိုဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ သူမသူငယ်ချင်းတွေအတွက် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဆာဆာမိုတိုဟာ အသက်(၂၅) နှစ်လောက်တည်းက စတင်ပြီး ပရိုဖက်ရှင်နယ်ဓာတ်ပုံဆရာမတစ်ယောက်အဖြစ် စတင်ရပ်တည်လာခဲ့တာပါ။ သူမဟာ ဂျပန်နိုင်ငံရဲ့ စစ်မဖြစ်ခင်နဲ့ စစ်ဖြစ်ပြီးဓာတ်ပုံတွေကို ရိုက်ကူးဖော်ထုတ်ခဲ့ရာမှ ထင်ရှားလာတာ ဖြစ်ပါတယ်။

READ
ဖအေတစ်ခု,သားတစ်ခုဘဝမှာ ကြုံရာကျပန်းလုပ်ရင်း ဘွဲ့တစ်ခု ရယူနိုင်ခဲ့တဲ့ဖခင်

ဆာဆာမိုတိုကတော့ သူမရဲ့ အလုပ်အကြောင်းနဲ့ ပတ်သက်ပြီး ဒီဓာတ်ပုံရိုက်တဲ့အလုပ်ကို မွေးကတည်းက နှစ်သက်လာခဲ့ကြောင်း ပြောပြပါတယ်။ ဖြစ်ရပ်တစ်ခုနဲ့ပတ်သက်ပြီး သူမမြင်သလို တခြားသူတွေကိုလည်း မြင်စေချင်တဲ့စေတနာကြောင့် ဓာတ်ပုံတွေရိုက်ဖြစ်တယ်လို့လည်း ဆာဆာမိုတိုက ဆိုပါတယ်။

အသက်ကြီးနေပြီဖြစ်ပေမယ့် ၀ါသနာပါတဲ့အလုပ်ကိုလုပ်နေဆဲဖြစ်တဲ့ ဆာဆာမိုတိုကတော့ သူမရဲ့ နုပျိုကျန်းမာခြင်းရဲ့ လျှို့ဝှက်ချက်နဲ့ပတ်သက်ပြီး လူတစ်ယောက်ဟာ ဘယ်တော့မှ မပျင်းသင့်ကြောင်းနဲ့ ဘ၀အတွက် အကောင်းမြင်စိတ်ထားတွေကို မွေးမြူသင့်တယ်လို့လည်း ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE