ဂျပန်နိုင်ငံမှာ စမ်းသပ်မောင်းနှင်နေပြီဖြစ်တဲ့ ကားပျံကြီး

YouTube- CGTV

၂၀၂၀ ကတော့ တကယ့်ကိုအဆန်းတွေပဲ ကြုံနေတော့တာပါပဲ။

YouTube- CGTN

ကားပျံကြီးတွေအကြောင်း ကျွန်တော်တို့ ဟိုးငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ခဲ့ကြမှာပါ။ ဒါ ကျွန်တော်တို့ မျိုးဆက်တင်မဟုတ်ပါဘူး။ ကျွန်တော်တို့ မိဘတွေအပြင် အဘိုးအဘွားတွေတောင်ပါဦးမယ် ကားပျံတွေအကြောင်း စိတ်ကူးယဉ်ခဲ့တာ။ ဒီစိတ်ကူးအိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ။

YouTube- CGTN
YouTube- CGTN

CNN ရဲ့ဖော်ပြချက်အရ ဂျပန်နိုင်ငံရဲ့ Sky Drive ဆိုတဲ့ ကုမ္ပဏီတစ်ခုဟာ သူတို့ဖန်တီးထုတ်လုပ်ခဲ့တဲ့ ကားပျံကြီးကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့တုန်းက ပြည်သူတွေကိုထုတ်ပြပြီး စအမ်းသပ်ပေါင်းနှင်ပြခဲ့ပါတယ်။ ဒါဟာ ဂျပန်အတွက်တော့ ပထမဆုံး အတွေ့အကြံတစ်ခုပါပဲ။

SD-03 လို့ နာမည်ပေားထးခဲ့တဲ့ ကားပျံကြီးဟာ ကျွမ်းကျင်တဲ့ ယာဉ်မောင်းရဲ့ထိန်းချုပ်မှုနဲ့ ကွင်းထဲ ၄ မိနစ်ကြာ ပတ်မောင်းပြခဲ့ပါတယ်။ ကုမ္ပဏီရဲ့ CEO Tomohiro Fukuzawa ကတော့ သူတို့အနေနဲ့ အခုလိုမျိုး ဂျပန်မှာ ပထမဆုံးကားပျံကြီးကို စမ်းသပ်မောင်းနှင်ပြသခဲ့လို့ ဂုဏ်ယူကြောင်းနဲ့ အနာဂတ်မှာ ကားပျံတွေဟာ လူတွေရဲ့ အချိန်ကို ပိုသက်သာစေမှာဖြစ်ပြီး ကားလမ်းပိတ်ခြင်းကိုလည်း ဖြေရှင်းပြီးသား ဖြစ်လာပါမယ်လို့ ပြောခဲ့ပါတယ်။

READ
အိမ်ကျဉ်းကျဉ်းတွေမှာ အထူးအသုံးဝင်မယ့် ခေတ်ရှေ့ပြေးပရိဘောဂတစ်မျိုး IKEA မှ မိတ်ဆက်

ထုတ်လုပ်ရောင်းချမှုကိုတော့ ၂၀၂၃ ခုနှစ်မှာ စစ၀မယ်လို့ ခန့်မှန်းထားခဲ့ပြီး ဈေးနှုန်းကိုတော့ မပြောပြထားသေးပါဘူး။

penny

SHARE