ဂျပန်မှာ နေ့စဉ်ကိုဗစ်ကူးစက်ခံရသူလူနာဦးရေ တစ်ရိပ်ရိပ်တက်လာနေတာကြောင့် နိုင်ငံတွင်းနေထိုင်သူများအားလုံးကို Covid-19 ကာကွယ်ဆေးအခမဲ့ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဒီဇင်ဘာ၂ရက်နေ့ထုတ်ကြေညာချက်အရ သိရပါတယ်။
၎င်းကြေညာချက်ထဲမှာဆိုရင် ဂျပန်နိုင်ငံတွင်းနေထိုင်သူဦးရေ ၁၂၆သန်းအတွက် ကာကွယ်ဆေးထိုးနှံဖို့ ကုန်ကျစရိတ်အားလုံးကို အစိုးရက ပေးမယ့်အကြောင်းပါရှိပါတယ်။ ၄င်းကြေညာချက်ကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုသဘောတူပြီးပါပြီ။
View this post on Instagram
ဂျပန်ဟာ လူဦးရေသန်း၆၀အတွက် ဆေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Pfizer ကနေ ကာကွယ်ဆေးတွေမှာယူထားသလို ဇီဝနည်းပညာကုမ္ပဏီ Moderna ဆီကလည်း လူပေါင်း ၂၅သန်းအတွက် ကာကွယ်ဆေးတွေထပ်မံမှာယူထားပါသေးတယ်။ ဒါ့အပြင် အဆိုပါကြေညာချက်ထဲမှာ လူပေါင်းသန်း၁၂၀ဟာ AstraZeneca ကာကွယ်ဆေးကို လက်ခံရရှိလိမ့်မယ်ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။
Pfizer နဲ့ Moderna တို့ဟာ အမေရိကန်နဲ့ ဥရောပမှာ အရေးပေါ်ဆေးဝါးအဖြစ် အသုံးပြုခွင့်ရအောင် လုပ်ဆောင်နေကြတာပါ။ ၄င်းဆေးတွေရဲ့သုတေသနစမ်းသပ်ချက်တွေအရလည်း ဆေးတွေဟာထိရောက်မှုရှိကြောင်းပြဆိုနေပါတယ်။ ၄င်းကြေညာစာဟာ ဂျပန်ဝန်ကြီးချုပ်က ဂျပန်ဟာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတိကြီးကြီးထားရမှာဖြစ်တဲ့အကြောင်း ပြောကြားအပြီးမှာ ထွက်လာတာပါ။ ဆေးဘက်ဆိုင်ရာလုပ်သားတွေကတော့ ဆေးရုံတွေဟာလည်း ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို လက်လွှတ်ရနီးနီးဖြစ်နေပြီလို့ ဆိုပါတယ်။
View this post on Instagram
ဘာပဲပြောပြော ဂျပန်ဟာ လူဦးရေနဲ့ယှဉ်လိုက်ရင်တော့ ကိုဗစ်ဖြစ်ပွားမှုရာခိုင်နှုန်းနည်းတယ်ဆိုရမှာပါ။ လက်ရှိအချိန်ထိ ကူးစက်တဲ့ case ပေါင်း ၁၅၀,၀၀၀ ရှိကာ လူ၂,၁၀၀ သေဆုံးခဲ့ပြီဖြစ်ပေမယ့် နိုင်ငံထဲ တင်းကြပ်တဲ့ lockdown တွေချထားတာမျိုးတော့ မတွေ့ရပါဘူး။ အခုဆိုရင်တော့ ဂျပန်နိုင်ငံဟာ မကြာသေးခင်ရက်သတ္တပတ်တွေအတွင်း တစ်နိုင်ငံလုံး နေ့စဉ်ကူးစက်မှုတွေပြန်တက်လာနေတာကြောင့် ကိုဗစ်တတိယလှိုင်းကို ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်တယ်လို့လည်း channelnewsasia အရ သိရပါတယ်။
ShweMom