လက်ထပ်တဲ့ စုံတွဲတွေကို ယန်းငွေသိန်းချီ ထောက်ပံ့သွားမယ့် ဂျပန်အစိုးရရဲ့ အစီအစဉ်

Pixabay-StockSnap

ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက် လက်ထပ်ဖို့ဆိုတာ အလွယ်တကူ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူနှစ်ယောက်ပေါင်းစည်းတဲ့အခါမှာ အဲဒီလူနှစ်ယောက်တင်မကပဲ သူတို့နှစ်ဦးရဲ့ အသိုင်းအဝိုင်းပါ ပေါင်းစည်းရတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ယောက်သားအတူတူနေတဲ့အခါမှာ နေဖို့အိမ်၊ နေ့စဉ်အသုံးစရိတ်တွေ၊ ကလေးမွေးလာခဲ့ရင်လည်း ကလေးစရိတ် အစရှိသဖြင့် ကုန်ကျစရိတ်တွေ အနည်းနဲ့အများ ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် အခုလည်း မကြာခင်အချိန်အတွင်းမှာ ဂျပန်အစိုးရကနေပြီးတော့ လက်ထပ်မယ့် စုံတွဲတွေကို ဘဝအသစ်တစ်ခု စတင်ထူထောင်တဲ့အချိန်မှာ ဂျပန်ယန်းငွေ ၆ သိန်းအထိ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း Japan Times သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-scottwebb

ဂျပန်အစိုးရရဲ့ ဒီလိုမျိုးထောက်ပံ့မယ့် အစီအစဉ်အသစ်ဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလထဲမှာ စတင်တော့မှာ ဖြစ်သလို သတ်မှတ်ချက်တစ်ချို့လည်း ရှိပါသေးတယ်။ အဲဒါကတော့ လက်ထပ်မယ့် စုံတွဲတွေဟာ လက်ထပ်မယ့်နေ့မှာ အနည်းဆုံး အသက် ၄၀ နဲ့ အောက်ဖြစ်ရမှာပဲ ဖြစ်ပါတယ်။ အသက် ၄၀ ကျော်နေရင်တော့ ဒီလိုမျိုး အစိုးရထောက်ပံ့ကြေားကို လုံးဝရရှိမှာ မဟုတ်ပါဘူး။ နောက်တစ်ချက်ကတော့ လက်ထပ်မယ့် လင်မယားနှစ်ယောက်လုံးရဲ့ ဝင်ငွေဟာ ဂျပန်ယန်းငွေ ၅.၄ သန်းအောက်ရှိနေမှသာလျှင် ဒီလိုမျိုး အစိုးရထောက်ပံ့ငွေကို ရရှိမှာပဲ ဖြစ်ပါတယ်။

READ
(၁၃.၇.၁၉) မှ (၁၉.၇.၁၉)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်
Pixabay-Jasmin777

“ကျွန်တော်တို့ အစိုးရဖက်ကနေ ဒီလိုမျိုးထောက်ပံ့ပေးတယ်ဆိုတာ အိမ်ထောင်ပြုစေချင်လို့ပါ။ စစ်တမ်းအရဆိုရင် ကျွန်တော်တို့ဆီက အတွဲတော်ော်များများဟာ လက်မထပ်ပဲ အတူနေကြတာမျိုးတွေ၊ လက်ထပ်ပြီးသွားရင်လည်း ပိုက်ဆံမတက်နိုင်လို့ အိမ်ပိုင်ယာပိုင် မရှိတဲ့ အခြေအနေမျိုးတွေ၊ ပိုက်ဆံမရှိလို့ လက်မထပ်နိုင်တာမျိုးတွေ အစရှိသဖြင့် အကြောင်းမျိုးစုံတွေ့ရပါတယ်။ ဒါ့ကြောင့် နောက်ဆုံးမှာတော့ လက်ထပ်မယ့် စုံတွဲတွေအတွက် အစိုးရကနေ ထောက်ပံ့ကြေးငွေ ပေးအပ်နိုင်မယ့် ပရိုဂရမ်တစ်ခုကို ရေးဆွဲခဲ့တာပါ။ ဒီ ပရိုဂရမ်ဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ စပြီး အကျုံးဝင်တော့မှာ ဖြစ်ပါတယ်”လို့ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pixabay-StockSnap

Pyi Hein Kyaw

SHARE