ကျင်ငယ်ရည်သုံးပြီး LED မီးသီးအတွက် လျှပ်စစ်ထုတ်နိုင်သည့်နည်းလမ်းကို ဂျပန်မှာ တီထွင်နိုင်ခဲ့

Osaka Institute of Technology

ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် ဧပြီလတုန်းက ဂျပန်ပရော်ဖက်ဆာတဦးဟာ ကျင်ငယ်ရည်မှတဆင့် LED မီးသီးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်တဲ့ နည်းလမ်းကို တီထွင်နိုင်ခဲ့တယ်လို့ ဂျပန်သတင်းစာတွေဖြစ်တဲ့ The Yomiuri Shimbun နဲ့ The Japan News တို့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အိုဆာကာနည်းပညာတက္ကသိုလ်က ပရော်ဖက်ဆာတဦးဖြစ်တဲ့ Keiichi Kaneto က ဒီနည်းလမ်းကို တီထွင်ခဲ့တာပါ။ အဓိကအားဖြင့် ကျင်ငယ်ရည်ထဲမှာ ပါဝင်တဲ့ ယူရီးယားဓာတ်ကနေ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်တာဖြစ်ပါတယ်။ ယူရီးယားမှာ ဓာတ်အားထုတ်ပေးဖို့အတွက် လိုအပ်တဲ့ Fuel Cells တွေအတွက် လိုအပ်တဲ့ ဟိုက်ဒရိုဂျင် ပါဝင်ပါ တယ်။

Osaka Institute of Technology

စမ်းသပ်မှုမှာ ခဲနဲ့ ကြေးနီကို အပြားခတ်ပြီး Resin သုတ်ထားတဲ့ (၁)မီလီမီတာသာ အထူရှိတဲ့ ခဲပြားပေါ်ကို ကျင်ငယ် ရည် (၁)စက်တည်းချလိုက်ရုံနဲ့ LED  မီးသီးလေး လင်းလာတာကို တွေ့ရမှာပါ။ တကယ်လို့ ခဲပြားအရေအတွက် များ များနဲ့ ကျင်ငယ်ရည်ပမာဏများများကို သုံးမယ်ဆိုရင် ပိုပြီးများပြားတဲ့ လျှပ်စစ်ပမာဏကို ရရှိမှာဖြစ်တယ်လို့ ပရော် ဖက်ဆာက ဆိုပါတယ်။

Osaka Institute of Technology

ဒီနည်းလမ်းကို  သဘာဝဘေးအန္တရာယ်ကြုံရချိန်မှာ အသက်ရှင်ကျန်ရစ်သူတွေ၊ တောတောင်ထဲသွားလာရသူတွေ အသုံးပြုနိုင်ဖို့အတွက် ရည် ရွယ်ထားတယ်လို့လည်း သိရပါတယ်။

KYM

SHARE