သင့်မုန့်ကိုသူများခိုးမစားစေဖို့အတွက် ဂျပန်ကတီထွင်လိုက်တဲ့ မုန့်လုံခြုံရေးစက်ရုပ်

YouTube-aNo

“အချစ်ကိုပဲ ခွဲပေးနိုင်မယ်၊ မုန့်တော့ခွဲစားဖို့မစဉ်းစားနဲ့” ဆိုတဲ့လူစားမျိုးဟာ ကျွန်တော်ပါပဲ။ ဥပမာ ရုံးရှိနေတဲ့မုန့်လေး၊ တစ်ခုပဲရှိတော့တယ်၊ ကိုယ်ကလည်းစားချင်တယ်၊ ဒါပေမဲ့ ခဏနေမှစားမယ်ဆိုပြီး ဖွက်ထားတာတောင် တခြားလူတွေက ရှာရှာကြံကြံယူစားသွားတာမျိုးဆို အူနုကျွဲခတ်သလိုပဲ။

Next Shark မှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်ဗျ။ အဲဒါကတော့ ဒီလိုမုန့်အခိုးခံရခြင်းမှ ကင်းဝေးအောင် စက်တစ်ခုတီထွင်နိုင်ခဲ့ပါပြီတဲ့။ မုန့်လုံခြုံရေးစက်ရုပ်လေးလို့ပဲ ကျွန်တော်ကတော့ တင်စားချင်ပါတယ်။ တီထွင်ခဲ့တဲ့နိုင်ငံကတော့ ကမ္ဘာမှာ စက်မှုအတိုးတက်ဆုံးဖြစ်တဲ့ ဂျပန်နိုင်ငံမှပဲဖြစ်ပါတယ်။

ပုံစံလေးကတော့ ကျွန်တော်တို့ ကုန်ခြောက်တွေသွားဝယ်တဲ့အခါ အလေးချိန်ဘယ်လောက်ရှိလဲတိုင်းတဲ့ ဒစ်ဂျစ်တယ်ချိန်ခွင်လေးလိုပါပဲ။ နာမည်ကိုတော့ Pudding Alert 2.1 လို့ နာမည်ပေးထားပြီး aNo ken ဆိုတဲ့ အုပ်စုမှ တီထွင်ခဲ့တဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်တဲ့။

YouTube-aNo
YouTube-aNo

အဓိကကတော့ ပူတင်းမုန့်လေးတွေအတွက် အထူးထုတ်လုပ်ထားတာဖြစ်ပေမယ့်လို့ အလေးချိန်ရှိတဲ့ ဘယ်လိုမုန့်မဆို အလုပ်ဖြစ်လောက်မယ်လို့တော့ ထင်မိပါတယ်။ သူ့ချိန်ခွင်ပြားလေးပေါ် တင်လိုက်တာနဲ့ ပူတင်းရဲ့အလေးချိန်ကို တစ်ခါတည်း တွက်ချက်တိုင်းတာကာ မှတ်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပူတင်းနဲ့အလေးချိန်တူလောက်တဲ့ ပစ္စည်းတစ်ခုကို ချိန်ခွင်ပေါ် တင်လိုက်မယ်ဆိုရင်တောင်မှ အလေးချိန်တိတိတကျကျမတူခဲ့ရင် စက်က အချက်ပေးသံထွက်လာမှာမလို့ မလွယ်ကူပါဘူးနော်။

READ
၂၀၁၈-ခုနှစ်မှာ ဈေးကွက်ထဲဝင်ရောက်လာဖို့ရှိတဲ့ ကားပျံ

နောက်ပြီး မုန့်ကိုခိုးယူသွားသူရဲ့ ပုံကိုလည်း အမိအရဓာတ်ပုံဖမ်းရိုက်ထားဦးမှာကြောင့် သင်ဘယ်လိုမှ ပြေးလို့လွတ်မှာမဟုတ်ပါဘူးနော်။ မုန့်ကိုယူလိုက်တာနဲ့တပြိုင်နက်တည်း စက်က ဒီလိုလည်း ထအော်ဦးမှာပါတဲ့။ “ပူတင်းအခိုးခံရပြီ! ပူတင်းအခိုးခံရပြီ!” ဆိုပြီး ခိုးသူကိုလည်း “ပူတင်းကိုအခုချက်ချင်းပြန်ပေး!” လို့ ဂျပန်ကိုအော်ပြောမှာပါတဲ့။ အကယ်၍ ပူတင်းကိုပြန်တင်ပေးလိုက်ပြီဆိုရင်တော့ “ပူတင်းလက်ထဲ ပြန်ရောက်လာပါပြီ” လို့ ထပ်မံသတိပေးကာ တိတ်ဆိတ်သွားမှာဖြစ်ပါတယ်။

Penny

SHARE