အစာအိမ်ကင်ဆာကို အနံ့ခံဖို့အတွက် ခွေးများအားလေ့ကျင့်ပေးနေပြီဖြစ်တဲ့ ဂျပန်နိုင်ငံ

pixabay

ခွေးလေးတွေဟာ ဆီးချို၊ တက်တတ်တဲ့ရောဂါတွေနဲ့ တစ်ခါတစ်ရံ ကင်ဆာတွေကိုတောင် အနံ့ခံရုံနဲ့ သိနိုင်ကြပါတယ်။ ဆီးချိုဖြစ်တဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်လာတာကြောင့် မတူညီတဲ့ ကိုယ်သင်းနံ့ရသလိုပဲ ကင်ဆာဆဲလ်တွေဟာ ကျန်းမာသန်စွမ်းတဲ့ ဆဲလ်တွေနဲ့ အကွာကြီးကွာတာကြောင့် ကိုယ်သင်းရနံ့ပြောင်းသွားတဲ့အတွက် ကြိုသိနိုင်တာပါ။ အထူးသဖြင့် အစာအိမ်ကင်ဆာကို အနံ့ခံနိုင်နှုန်းပိုများပြားပါတယ်။

pixabay

ဒါကြောင့်မို့လို့လည်း သူတို့ရဲ့ ကင်ဆာရောဂါကို ကြိုတင်ခန့်မှန်းနိုင်တဲ့အနံ့ခံစွမ်းရည်ကို စနစ်တကျအသုံးချဖို့အတွက် ဂျပန်နိုင်ငံမျာတော့ အစီအစဉ်တွေကို စတင်အကောင်အထည်ဖော်နေပါပြီ။

ဂျပန်နိုင်ငံ၊ Yamagata ခရိုင်ထဲက Kaneyama မြို့ငယ်လေးဟာ လူဦးရေ (၆) ထောင်ကျော်သာရှိသော်လည်း ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ အစာအိမ်ကင်ဆာဖြစ်ပွားမှု နှုန်းထားထဲမှာတော့ ထိပ်နေရာမှ ပြေးနေပါတယ်။ ဒါကြောင့်ပဲ ဆေးကျောင်းပါမောက္ခဖြစ်တဲ့ Masao Miyashita မှ Kaneyama မြို့ဝန်နှင့်ပူးပေါင်းပြီး ကင်ဆာကြောင့်သေဆုံးမှုနှုန်းကို လျော့ကျစေရန် အစီအစဉ်တစ်ခုဆွဲခဲ့ပါတယ်။

ကင်ဆာရောဂါရှိမရှိ အသေးစိတ်စစ်ဆေးဖို့ဆိုတာ လူအနည်းငယ်အတွက်တော့ ဖြစ်နိုင်ပေမယ့် လူပေါင်း (၆) ထောင်ကျော်ကို တစ်ယောက်ချင်းစီ စစ်ပေးဖို့ကျ လုပ်ငန်းအဆင့်တွေ သိပ်များလွန်းတာကြောင့် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့်ပဲ ပင်ကိုသဘာဝကိုက ကင်ဆာဆဲလ်အနံ့တွေကို ခွဲခြားသိနိုင်တဲ့ ခွေးလေးတွေကို အသုံးချဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

READ
ကျန်းမာစေရန်အတွက် မဖြစ်မနေ စားသောက်ရမည့်အစားအစာများ
pixabay

အစီအစဉ်ကတော့ လူ (၆) ထောင်ကျော်လုံးကို တစ်သုတ်စီခွဲကာ ဆီးနမူနာယူပြီး ရိုးရိုးဆီးနှင့် ကင်ဆာရောဂါဖြစ်နေသူရဲ့ဆီးတို့ကို ခွေးလေးတွေမှ အနံ့ခံကာ ခွဲခြားပေးရမှာပဲဖြစ်ပါတယ်။ ခွေးလေးတွေကို သေသေချာချာခွဲခြားနိုင်အောင်ကိုတော့ အရင်ကတည်းကိုက လအေပေါင်းများစွာ သင်ကြားပေးပြီးပြီဖြစ်ပါတယ်။

ဘယ်လိုကင်ဆာပဲဖြစ်ဖြစ် ဖြစ်ဖြစ်ချင်းကာလမှာဆိုလျှင်တော့ ဆေးဝါးအကူအညီတွေနဲ့ ဆဲလ်များလျော့ပါးအောင် ကုလို့ရနိုင်တဲ့အတွက် အသက်အန္တရာယ်ကို စိုးရိမ်စရာအကြောင်းမရှိပါဘူး။ ရောဂါကျွမ်းနေတဲ့အချိန်ကျမှဆိုလျှင်တော့ ဆေးကုသမှုခံယူလည်း ကင်ဆာစဖြစ်တဲ့နေရာမှ အချိန်ကြာလာတာနဲ့အမျှ အခြားနေရာများသို့ပါ ပျံ့နှံ့သွားမှာပါ။

pixabay

ခွေးလေးတွေရဲ့ နှာခေါင်းမှာ အာရုံခံပေါင်း (၃၀၀) မီလီယံလောက်ရှိပါတယ်။ လူတွေကတော့ (၆) မီလီယံသာရှိတဲ့အတွက် ခွေးလေးတွေ အနံ့ခံအာရုံဘယ်လောက်ကောင်းသလဲဆိုတာ သိနိုင်မှာပါ။ အနံ့အမျိုးအစားကို ခွဲခြားစိတ်ဖြာရာတွင်း ဦးနှော်က်ရဲ့လုပ်ဆောင်ချက်က လူတွေထက် အဆ (၄၀) ပိုမြင့်တာကြောင့် သူတို့လေးတွေကို လူတွေအနံ့မခံနိုင်တဲ့ ဗုံးရှာဖွေရေးတို့၊ လူရှာတာတွေ၊ လေဆိပ်မှာ အိတ်တွေကို ဖွင့်ဖောက်စရမလိုဘဲ သံသယရှိတဲ့ပစ္စည်းတွေရှာဖွေမှုတို့မှာ အသုံးပြုနေကြပြီး အခုလိုမျိုး ကျန်းမာရေးကြိုတင်စစ်ဆေးတဲ့နေရာမှာလည်း ဆေးပညာအရ တစ်ဆင့်ပြီးတစ်ဆင် အလုပ်အရှုပ်ခံပြီး စစ်ဆေးစရာမလိုတဲ့အတွက် အသုံးပြုလေ့ရှိပါတယ်။

READ
IU ပြောပြလာတဲ့ သူမရဲ့ တစ်နေ့တာ အစားအသောက်နဲ့ ၀ိတ်ထိန်းနည်းများ

Source: Japan Times , Elite Readers

Penny

SHARE