အမျိုးသမီးတွေထက် အမျိုးသားတွေကိုသာ ဈေးဝယ်ခွင့် ပြုသင့်ကြောင်း ပြောခဲ့တဲ့ မြို့တော်ဝန်

CNN

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါအခြေအနေတွေကတော့ တစ်ကမ္ဘာလူံအနှံ့မှာ တဖြည်းဖြည်းနဲ့ ပိုမိုဆိုးရွားလာနေပြီပဲ ဖြစ်ပါတယ်။ လူတိုင်းနီးပါးကတော့ အိမ်ထဲမှာပဲ နေလေ့ရှိပြီး စားသောက်စရာပစ္စည်းတွေ ဝယ်စရာလိုတဲ့အချိန်နဲ့ အရေးကြီးတဲ့အချိန်တော်တော်များများမှပဲ မဖြစ်မနေအပြင်ထွက်လေ့ရှိပါတယ်။ အခုလည်း ဂျပန်နိုင်ငံက မြို့တော်ဝန်တစ်ဦးဟာ အခုလိုကပ်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ အမျိုးသမီးတွေထက် အမျိုးသားတွေသာ ဈေးဝယ်သင့်တယ်လို့ ပြောကြားခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီလိုပြောရတဲ့ အကြောင်းအရင်းကတော့ ရှင်းပါတယ်။ အမျိုးသမီးတွေ ဈေးတစ်ခါတစ်ခါဝယ်ရင် တော်ရုံနဲ့ မပြီးပဲ အကြာကြီးလျှောက်ကြည့်ပြီး ဝယ်နေလို့ပဲ ဖြစ်ပါတယ်။ ဥပမာ- ခရမ်းချဉ်သီးဝယ်မယ်ဆိုရင်တောင်မှ ဘယ်ခရမ်းချဉ်သီးက လတ်လဲ၊ ဘယ်အလုံးက ပိုကြီးသလဲ၊ ဘယ်အလုံးက အရောင်ပိုတောက်လဲ၊ ဘယ်အလုံးကတော့ အရောင်ဖျောတောတောဖြစ်နေလဲ အစရှိသဖြင့် စစ်စစ်ပေါက်ပေါက်လိုက်ကြည့်နေတတ်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုကပ်ရောဂါဖြစ်နေတဲ့အချိန် ဈေးဝယ်မယ်ဆိုရင် အကောင်းဆုံးကတော့ လူကြားထဲမှာ အကြာကြီးမနေပဲ အမြန်ဝယ်ပြီး အိမ်အမြန်ပြန်တဲ့ စနစ်ကို ကျင့်သုံးရင် ပိုကောင်းလို့ပဲ ဖြစ်ပါတယ်။

READ
နှစ်ရှည်ပြစ်ဒဏ်ကျ ရာဇဝင်မုဒိမ်းသမားကို ထောင်မှလွှတ်ပေးမည်ဆို၍ ဝေဖန်မှုမြင့်တက်

“ဒီလိုအချိန်က အရင်လို အေးဆေးဈေးဝယ်နေရမယ့်အချိန်မဟုတ်ပါဘူး။ ကိုယ်လိုတဲ့အရာကို အမြန်ဝယ်၊ပြီးတာနဲ့ ပိုက်ဆံရှင်းပြီး အိမ်ကို အမြန်ပြန်သင့်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ အပြင်မှာ ကြာကြာနေလို့ ကောင်းတဲ့အချိန်မဟုတ်ပါဘူး။ အဲဒီလိုဈေးဝယ်တဲ့နေရာမှာ ယောက်ျားတွေက အသင့်တော်ဆုံးပါ။ လိုအပ်တဲ့ ပစ္စည်းတွေကိုသာ အမျိုးသမီးဖြစ်သူတွေက အမျိုးသားတွေကို ဈေးစာရင်းနဲ့ ငွေပေးလိုက်ပြီး ဝယ်ခိုင်းသင့်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ အမျိုးသားတွေသာ အပြင်ထွက်ပြီး ဈေးဝယ်သင့်ပါတယ်” လို့ ဂျပန်နိုင်ငံ၊ Oska မြို့တော်ဝန် Ichiro Matsui က Osaka မြို့မှာ ကျင်းပခဲ့တဲ့ COVID 19 Press Conference မှာ ပြောကြားခဲ့ပါတယ်။

Google

လက်ရှိအချိန်ထိတော့ ဂျပန်နိုင်ငံမှာ COVID 19 ကူးစက်ခံရသူ ၁၃,၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး ၄၀၀ နီးပါးသေဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။

READ
သူများနဲ့မတူတဲ့ပညာနဲ့ ဂျပန် Idol မလေးကို၊ နောက်ယောင်ခံလိုက်ခဲ့တဲ့အမျိုးသား

Pyi Hein Kyaw

SHARE