ဂျပန်တွင် ကိုဗစ်ကြောင့် သေဆုံးသူထက် ဆူဆိုက်ဒ်ကြောင့် သေဆုံးသူဦးရေ ပိုများ

pexels/Abby Chung

၂၀၂၀ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ အောက်တိုဘာလထဲ ဆူဆိုက်ဒ်လုပ်ပြီး သေဆုံးသူဦးရေဟာ တစ်နှစ်လုံးမှာ ကိုဗစ်ကြောင့်သေသူဦးရေထက် ပိုမိုများပြားကြောင်း Republicworld သတင်းစာမျက်နှာအရ သိရပါတယ်။ ဂျပန်နိုင်ငံဟာ Happy Planet index မှာ အမှတ် ၅၈ နေရာမြောက်မှာရှိနေတာဖြစ်ပေမယ့် မကြာသေးခင်ကမှ ဆူဆိုက်ဒ်နှုန်းတွေ ရုတ်တရက်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တုန်းက ဂျပန်နိုင်ငံတွင်း ဆူဆိုက်ဒ်နှုန်းတွေကျဆင်းနေခဲ့ရာမှ ယခုတဖန် ကိုဗစ်ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ပွားနှုန်း၊ အထီးကျန်လွန်းခြင်းနဲ့ စိတ်မတည်မငြိမ်ဖြစ်ပွားနှုန်းတွေမြင့်တက်လာနေတာဖြစ်ပါတယ်။  ဂျပန်နိုင်ငံဟာ ဆူဆိုက်ဒ်နဲ့ပတ်သက်ပြီး ဒေတာတွေကို အချိန်နဲ့တပြေးညီအသိပေးကြေညာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အပြင် တခြားနိုင်ငံတွေကိုလည်း စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပေါ်လစီတွေကို ကူညီပေးနေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

pexels/Satoshi Hirayama

အစိုးရရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ သတင်းတွေအရ  အောက်တိုဘာလတစ်လတည်းတင် ဆူဆိုက်ဒ်လုပ်သူဦးရေဟာ ၂၀၂၀ခုနှစ်တစ်ခုလုံး ကိုဗစ်ကြောင့် သေသူဦးရေထက် ပိုများနေတယ်လို့ ဆိုပါတယ်။ အောက်တိုဘာလတွင်း ဆူဆိုက်ဒ်ကြောင့် သေဆုံးသူဦးရေ ၂,၁၅၃ ရှိခဲ့ကာ ကိုဗစ်ကြောင့် စုစုပေါင်းသေဆုံးသူဦးရေကတော့ ၂,၀၈၇ သာ ရှိခဲ့တာဖြစ်ပါတယ်။ ဆူဆိုက်ဒ်လုပ်ရတဲ့အကြောင်းရင်းတွေကတော့ အလုပ်လုပ်ချိန်ကြာမြင့်ခြင်း၊ စာသင်ကျောင်းရဲ့ဖိအား၊ အထီးကျန်ခြင်း၊ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အမည်းစက်ရှိခြင်း စတာတွေကြောင့် အဖြစ်များပါတယ်။

READ
ကားခိုးသူတွေ အသုံးပြုလေ့ရှိတဲ့သော့ဖျက်နည်းကို 2 စက္ကန့်အတွင်းပြသခဲ့သူ
pexels/RODNAE Productions

အရင်ကတော့ ဂျပန်နိုင်ငံတွင်း ဆူဆိုက်ဒ်လုပ်သူ စုစုပေါင်းကိုကြည့်တဲ့အခါ အမျိုးသမီးတွေဟာ လူနည်းစုပဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆူဆိုက်ဒ်စာရင်းအရ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလနဲ့ ယှဉ်ရင် ယခုနှစ် အောက်တိုဘာမှာ အမျိုးသမီးတွေဆူဆိုက်ဒ်ပြုလုပ်နှုန်းဟာ ၈၃ရာခိုင်နှုန်းနီးပါး တက်လာပြီး အမျိုးသားတွေကတော့ ၂၂ရာခိုင်နှုန်းတက်လာကြောင်းသိရပါတယ်။ အကြောင်းရင်းကတော့ အမျိုးသမီးတွေဟာ ခရီးသွားလာရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အချိန်ပိုင်းလုပ်သားတွေအဖြစ် အများဆုံးပါဝင်တာဖြစ်တဲ့အတွက် ကိုဗစ်ရဲ့ရိုက်ခတ်မှုလှိုင်းကို ပိုပြီးခံစားကြရကာ အိမ်စရိတ်နဲ့ ကလေးဒုက္ခတွေဝန်ပိရတာဖြစ်ပြီး နောက်ထပ်အကြောင်းရင်းကတော့ အမျိုးသားတွေရဲ့အိမ်တွင်းအကြမ်းဖက်မှုကို ခံစားကြရတာကြောင့်လို့လည်း သိရပါတယ်။

ShweMom

SHARE