ကလေးတွေ အငိုပြိုင်ကြရတဲ့ ဂျပန်နိုင်ငံက နာကီဇူမိုပွဲတော်

စိတ်နှလုံးသိမ်မွေ့တဲ့ မိဘတွေအဖို့ စူးရှတဲ့ ကလေးငိုသံဟာ စိုးရိမ်ဖွယ်ရာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်လူမျိုးမိဘတွေကတော့ ကလေးတွေကို ဆူမိုနပန်းသမားတွေလက်ထဲ တကူးတက ထည့်ပေးကြပါတယ်။ ကလေးတွေကို သူတို့ငိုနိုင်သမျှအသံအကျယ်ဆုံး ထွက်တဲ့အထိ နပန်းသမားကြီးတွေ လက်ထဲမှာထားပါတယ်။

Mirror

ဒီအစဉ်အလာဟာ ကလေးတွေအတွက် ကံကောင်းခြင်းတွေဖြစ်အောင် ပြုလုပ်ကြတဲ့ ဂျပန်ရိုးရာအစဉ်အလာတစ်ခုပဲ ဖြစ်ပါတယ်။ နှစ်ပေါင်း(၄၀၀) ကြာနေပြီဖြစ်တဲ့ ရိုးရာမှာ တကယ်လို့ ကလေးက ဆူမိုနပန်းသမားလက်ထဲမှာ ငိုတယ်ဆိုရင် ကလေးအတွက် ကျန်းမာရေးကောင်းမွန်စေပြီး မကောင်းဆိုးဝါးတွေ နှောင့်ယှက်တာက ကင်းလွတ်စေတယ်လို့ယုံကြည်ကြပါတယ်။

Mirror

ရိုးရာအခမ်းအနားကို နာကီဇူမိုဂျပန်ပွဲတော်မှာ ပြုလုပ်လေ့ရှိပါတယ်။ ပွဲတော်မှာမိဘတွေအားလုံး စုရုံးကြလေ့ရှိပြီး ကလေးတစ်ခါချီခိုင်းဖို့ ပေါင်(၇၀)ပေးရပါတယ်။ ဆူမိုနပန်းသမားတွေဟာ ကလေးတွေကို လေထဲမှာ ချီမြှောက်တဲ့အခါ အသံအကျယ်ဆုံးနဲ့ အချိန်အကြာကြီး ငိုနိုင်တဲ့ကလေးက ပွဲတော်မှာ အနိုင်ရရှိပါတယ်။

READ
စိတ်ဖိစီးမှုတွေကို ကိုယ့်အတွက်ကောင်းကျိုးရရှိအောင်ဘယ်လိုပြန်အသုံးချမလဲ
Mirror

တကယ်လို့ ကလေးကမငိုဘူးဆိုရင် ခုံလူကြီးက ၀င်းထဲဝင်လာပြီး ကလေးကိုမငို ငိုအောင် ထူးထူးဆန်းဆန်းသရုပ်ဆောင်မှုတွေနဲ့ ကြောက်အောင်ပြုလုပ်ကြပါတယ်။ ကြောက်စရာကောင်းတဲ့ မျက်နှာဖုံးတွေဝတ်ပြီး ကျယ်လောင်တဲ့ အသံကြီးတွေနဲ့ ကလေးကို လန့်အောင် ခြောက်လှန့်ကြပါတယ်။ ကလေးက ငိုလို့ဝပြီဆိုတော့မှ ဆူမိုတွေက ကလေးကို မိဘတွေဆီပြန်ပြီး လက်လွှဲပြောင်းပေးပါတယ်။

Mirror

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဒီရိုးရာကို မြင့်မြတ်တယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေနဲ့ အထင်ကရရှိတဲ့ နေရာတွေမှာကျင်းပကြပါတယ်။ ယခုနှစ်မှာတော့ ယိုကိုဟားမားက ကာမီတိုရီ မယ်ကာဝါဘုရားကျောင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ရိုးရာအခမ်းအနားကို ဂျပန်ကလေးများနေ့နဲ့အတူ ကျင်းပလေ့ရှိကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: thefactspeak

SHARE