Tablet မသုံးပဲ စာရွက်နဲ့ဘောပင်သုံးတာ ထောက်ခံမိလို့ ဝေဖန်ခံနေရတဲ့ ဂျပန်နည်းပညာဝန်ကြီး

Youtube-平井大臣が思わず“本音” 「タブレットより紙が楽」

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ မေလတုန်းက ဂျပန်နိုင်ငံရဲ့ ပါလီမန်အစည်းအဝေးတစ်ခုမှာ အစည်းအဝေးလုပ်နေတဲ့ အချိန်အတွင်း ဂျပန်နည်းပညာဝန်ကြီးချုပ်ဟာ မိချောင်းဗီဒီယိုကြည့်နေလို့ ဝေဖန်ခံခဲ့ရတဲ့ သတင်းကို တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အဆိုပါ ဂျပန်နည်းပညာဝန်ကြီး(Minister of State for Science and Technology) Takaya Hirai ဟာ အဆိုပါအစည်းအဝေးမှာ အစည်းအဝေးပြုလုပ်နေတဲ့အချိန် မိကျောင်းဗီဒီယိုကြည့်နေတဲ့ပုံကို သတင်းထောက်တစ်ယောက်က အချိန်မှီရိုက်ကူးနိုင်ခဲ့ပြီး အဲဒီဓာတ်ပုံဟာ ဂျပန်လှုမှုကွန်ယက်မှာ တော်တော်ရေပန်းစားခဲ့ပြီး လူတော်တော်များများရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။

 

အခုလည်း Takaya ဟာ အစည်းအဝေးပြုလုပ်နေတဲ့အချိန်အတွင်း Notes တွေ လိုက်မှတ်ရာမှာ Tablet ရှိရက်နဲ့ စာရွက်နဲ့ဘောပင်ကို သုံးခဲ့တဲ့ ပါတီအဖွဲ့ဝင်တွေဖက်က ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကြောင့် လူတစ်ချို့ရဲ့ ဝေဖန်မှုကို ခံခဲ့ရကြောင်း Japantoday သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
YouTube မှာ နာမည်ကြီးနေတဲ့ မက္ကဆီကိုရိုးရာဟင်းချက်သူ ဖွားဖွားရဲ့ဗီဒီယိုများ
Pixabay-Free-Photos

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ Takaya ရဲ့ ပါတီအဖွဲ့ဝင်တွေဟာ ပါလီမန်အစည်းအဝေးပြုလုပ်နေတဲ့အချိန်အတွင်း သတင်းအချက်အလက်တွေကို လိုက်မှတ်ရာမှာ Tablet ရှိရက်နဲ့ Tablet ကို မသုံးပဲ စာရွက်နဲ့ ဘောပင်ကိုသာ အသုံးပြုခဲ့ပါတယ်။ ဒါကို တီဗ္ဗီကနေတစ်ဆင့် ဂျပန်ပြည်သူတစ်ချို့က တွေ့မြင်သွားတဲ့အချိန်မှာတော့ နည်းပညာဝန်ကြီးဌာနက ဝန်ကြီးတွေအနေနဲ့ အစည်းအဝေးမှာ Tablet တွေ မသုံးပဲ စာရွက်နဲ့ ဘောပင်သုံးတာဟာ အင်မတန်ခေတ်နောက်ကျကြောင်း ဝေဖန်ခဲ့ပါတယ်။

ဒီလိုဝေဖန်မှုကို Takaya က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၁၁.၁၁.၂၀၂၀) က Takaya ဟာ “အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်တော်တို့အတွက်ကတော့ Tablet သုံးပြီး အချက်အလက်တွေ လိုက်မှတ်တာထက် စာရွက်နဲ့ ဘောပင်ကိုသုံးပြီး လိုက်မှတ်တာက ပိုမိုအဆင်ပြေစေပါတယ်။ ဒါ့ကြာင့် ပါလီမန် အစည်းအဝေးမှာ အမတ်အတော်များများဟာ ဒီလိုမျိုး စာရွက်နဲ့ ဘောပင်ကိုသုံးပြီး လိုက်မှတ်ကြတာပါ”လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဂျပန်နည်းပညာဝန်ကြီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ လက်အောက်က ဝန်ကြီးတွေကို Tablet အသုံးပြုပုံကို သေသေချာချာ သင်ပေးရမယ့်အစား ဒီလိုမျိုး ကာကွယ်ပြောဆိုခဲ့လို့ ဂျပန်ပြည်သူတွေဟာ Takaya ကို စိတ်ပျက်ပြီး တော်တော်လေး ဝေဖန်ခဲ့ကြပြန်ပါတယ်။

READ
သေနတ်နဲ့ဆော့ပြီး Live လွှင့်ခဲ့သည့်ကလေး မိမိကိုယ်ကို မတော်တဆပစ်မိပြီးသေဆုံး

Pyi Hein Kyaw

SHARE