(၅၉) ပေမြင့်တဲ့ စက်ရုပ်ကြီးကို အမှန်တကယ် လှုပ်ရှားသက်ဝင်စေခဲ့တဲ့ ဂျပန်နိုင်ငံ

Facebook- WSVN-TV

လက်တလော ဂျပန်နိုင်ငံက Twitter အသုံးပြုသူတွေကြားထဲမှာ ရေပန်းစားနေတဲ့ ကိစ္စတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဂျပန်နိုင်ငံမှာရှိနေတဲ့ စက်ရုပ်ကြီးအကြောင်းပါ။ ကျွန်တော်တို့တွေ ငယ်ငယ်တုန်းက ပါဝါရိန်းဂျားတို့၊ စက်ရုပ်ကားတို့တွေထဲမှာ ပါပါနေတဲ့ စက်ရုပ်ကြီးတွေကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီတုန်းကတော့ အဲလိုစက်ရုပ်ကြီးတွေကို အပြင်မှာတကယ်ကြီး မြင်တွေ့ချင်ခဲ့မိတဲ့ ဆန္ဒက တော်တော်ပျင်းပြခဲ့တာဗျ။ အခုတော့ အဲဒီစိတ်ကူးအိပ်မက်လည်း

Catsuka ဆိုတဲ့ website မှာ တင်ထားတဲ့ ဗီဒီယိုအရ ဂျပန်နိုင်ငံမှာ စက်ရုပ်အကြီးကြီးတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီစက်ရုပ်ကြီးဟာ Gundam ဆိုတဲ့ စက်ရုပ်ကြီးပါ။ Yokohoma မှာ တည်ရှိနေတာဖြစ်ပါတယ်။

Facebook- WSVN-TV

စက်ရုပ်ကြီးရဲ့ အလေးချိန်ဟာ ပျမ်းမျှ ပေါင်ချိန်နဲ့တွက်မယ်ဆိုရင် ၅၅,၀၀၀ တောင်ရှိနေပါတယ်ဆိုပြီး Sora News 24 မှာ ဖော်ပြထားပါတယ်။ နောက် အမြင့်ကတော့ ၅၉ ပေတောင်ရှိနေပါတယ်တဲ့။ ဒါဟာ တော်တော်ကြီးကို မြင့်တဲ့အနေအထားတစ်ခုပါ။

အဲဒီစက်ရုပ်ကြီးဟာ ၂၀၁၄ ခုနှစ်ကတည်းက စတင်တည်ဆောက်လာခဲ့တာဖြစ်ပြီး စဆောက်ကတည်းကိုက တစ်နေ့မှာ စက်ရုပ်ကြီးတစ်ခုလုံးကို မောင်းနှင်လှုပ်ရှားစေဖို့အတွက် ရည်ရွယ်ထားခဲ့တာပါ။ အခုတော့ တည်ဆောက်မှုအားလုံးဟာ ပြီးသွားခဲ့ပါပြီတဲ့လေ။ တည်ဆောက်မှုပြီးစီးသွားတဲ့အခါမှာတော့ စက်ရုပ်ကြီးဟာ ခြေတွေလက်တွေကို ကောင်းကေင်းကြီး လှုပ်ရှားလို့ရနေပါပြီ။

READ
ဘ၀နေရေးအတွက် တစ်ဖက်တစ်လမ်းက ရိုရိုးသားသား ငွေရှာပေးနေတဲ့ မောင်နှမနှစ်ယောက်
Facebook- WSVN-TV
Facebook- WSVN-TV

ဒါကတော့ စက်ရုပ်ကြီးရဲ့ လှုပ်ရှားနေပုံပါ။ ကျက်သီးတောင် ထဖို့ကောင်းတယ်။

penny

 

 

SHARE