ဒီပုံကိုကြည့်လိုက်မယ်ဆိုရင် တရုတ်စာတွေနဲ့ စုတ်ပြတ်နေတဲ့နေရာကြီးတစ်ခု၊ တကယ့်အပြင်မှာထက် ဗီဒီယိုဂိမ်းတစ်ခုထဲရောက်သွားသလို ခံစားစေရမှာပါ။

ဒီတစ်ပုံကျပြန်တော့ ခေတ်လွန်လူသတ်ကားထဲပဲ ရောက်သွားသလိုလို၊ အဆိပ်ရှိတဲ့ ဓာထုပစ္စည်းတွေနဲ့ပဲ ကိုယ့်အသက်ကိုနုတ်ပစ်တော့မလိုလိုနဲ့ ရင်ခုန်စရာကောင်းနေလှပါတယ်။



တကယ်တော့ ဒီနေရာတွေဟာ တစ်နေရာထဲမှာတည်ရှိနေတာပါ။ စုတ်ပြတ်ဟောင်းနွမ်းနေတဲ့ တရုတ်ရပ်ကွက်လေးဆိုတာဟာလည်း တမင်စုတ်ပြတ်အောင်လုပ်ထားတာဖြစ်ပြီး ဒုတိယပိုစ့်မှာမြင်တွေ့ရတဲ့ နေရာတွေအကုန်လုံးဟာ ဂိမ်းဆိုင်ကြီးပါဆိုရင် ယုံနိုင်ပါ့မလား။
ဂိမ်းဆိုင်နာမည်ကတော့ Warehouse Kawasaki လို့ အမည်ရပြီး ဂျပန်နိုင်ငံရဲ့ Kawasaki မြို့မှာတည်ရှိပါတယ်။ တိုကျိုမြို့ရဲ့ ကပ်လျက်မြို့လေးပေါ့။ ဒီဂိမ်းဆိုင်ကြီးဟာ အပေါ်မှာ ဖော်ပြထားခဲ့တဲ့ အတွင်းပိုင်းအပြင်အဆင်တွေကြောင့်ပဲ သိပ်ကို နာမည်ကြီးတဲ့ ဂိမ်းဆိုင်ကြီးဖြစ်လို့နေခဲ့တာ ၁၄ နှစ်ကျော်ကြာလာခဲ့ပါပြီ။ တရုတ်နိုင်ငံရဲ့ ၉၀ခုနှစ်တုန်းက နာမည်ကြီး ကွမ်းလုံ ခေါ် နံရံများရဲ့မြို့တော်ပုံစံကို မှီငြမ်းကာ တည်ဆောက်ထားခဲ့တာဖြစ်ပြီး ဂိမ်းစက်တွေကအyoutube.com/watch?time_continue=128&v=ma664PSip_Qစ အသစ်တွေကိုလည်း အစုတ်ပုံသဏ္ဍာန်ဖြစ်အောင် ဆေးတွေခြယ်ပြင်ဆင်ကာထားခဲ့တာ လုံးဝအသေးစိတ်လွန်းလှပါတယ်။
ဒါကတော့ ဂိမ်းဆိုင်အတွင်းဖက်တွေကို အသေးစိတ်မြင်တွေ့ရမယ့် ဗီဒီယိုလေးပဲဖြစ်ပါတယ်။
စိတ်မကောင်းတာတစ်ခုကတော့ Warehouse Kawasaki ဟာ လာမယ့်လမှာ ၁၄ နှစ်တာ ပျော်ရွှင်မှုတွေပေးခဲ့ပြီးနောက် အပြီးပိုင်ပိတ်သိမ်းပါတော့မယ်တဲ့။ တကယ်တော့ ဒီလိုမျိုး အပြင်အဆင်နဲ့ ဂိမ်းဆိုင်ရှိတယ်ဆိုတာ အခုမှ သိခဲ့ရလို့ ရောက်အောင်သွားမယ်လို့ အားခဲထားရုံပဲရှိသေးတယ်၊ သူကပိတ်တော့မှာဆိုတော့.. မဆီမဆိုင်နှမြောမလိုတော့ဖြစ်မိသား။
Penny