ဖန်တီးမှုအားကောင်းတဲ့ Artist တွေက တော့ နေ့စဉ်ဘ၀ မှာ ပုံမှန် မြင်တွေ့ နေကျအရာလေးတွေကို တောင် မှ လှပတဲ့ အနုပညာလက် ရာ တစ်ခု အဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိကြပါတယ်။ဂျပန်နိုင်ငံက Artist တစ်ယောက်ကတော့ သစ်ရွက်လေး တွေကို သူ့စိတ်ကူး နဲ့ ပုံစံ အမျိုးမျိုး ပုံဖော်ဖန်တီးရင်း နဲ့ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။သူ့နာမည်ကတော့ Rito (@lito_leafart) ပါ။ဒီအကြောင်းကို တော့ odditycentral မှာ ဖော်ပြထားပါတယ်။
View this post on Instagram
ဒီလို ဖန်တီးနိုင်ဖို့ အတွက် ဘယ်သူက မှ သူ့ကိုယ်သင်ပေးတာ မဟုတ်ပါဘူး။ကိုယ့်ဟာကိုယ်လေ့လာ စမ်းသပ်ကြည့်ရင်း နဲ့ပဲ လုပ်တတ် သွား တာပါ။ဘယ်လို မျိုး ပုံဖော်ဖန်တီးမလဲဆိုတာကိုတော့ သူ့ Idea နဲ့ သူ စိတ်ကူး ပုံဖော် ပြီး လုပ်ဖြစ်တာလို့ သိရပါတယ်။ Rito ရဲ့ အနုပညာလက်ရာတွေက လူတွေကို ထူးဆန်း အံ့သြစေမယ်ဆိုတာ သေချာပါတယ်။ဒါပေမယ့် သူဘာကြောင့် ဒီလို သစ်ရွက်လေးတွေကို ပုံဖော်ဖန်တီးဖြစ်လဲဆိုတာ သိရင် ပိုတောင် အံ့သြ ကြမှာပါ။
View this post on Instagram
စိတ်ဂဏှာ မငြိမ်တဲ့ ရောဂါ ကို ခံစားနေရသူပါ။ရောဂါကို ကုစားနိုင်ဖို့ အတွက် နာရီ တွေ အများကြီး အကုန်ခံ အာရုံစိုက် လုပ် ရတဲ့ အနုပညာ ဖန်တီးမှုကို လုပ်ရင်းနဲ့ သူ့ရောဂါကို သူ ကုစား နေတာပါ။သူ့ရောဂါ အတွက် ကုထုံး တစ်ခု အနေနဲ့ တစ်နေ့ကို အနည်းဆုံး သစ်ရွက် တစ်ရွက်ကို ပုံဖော် ဖန်တီးတယ်လို့ ဆိုပါတယ်။
View this post on Instagram
Rito ရဲ့ လက်ရာတွေ က တော့ အခုဆိုရင် ဆိုရှယ်မီဒီယာ ပေါ်မှာ အရမ်းကို နာမည်ကြီး နေပါပြီ။ Rito ကတော့ Nippon TV မှာတောင် ပါဝင် ခဲ့ပါတယ်။အဲ့ဒီမှာတော့ သူဒီလို လက်ရာတွေကို ဖန်တီးပုံ အဆင့်ဆင့်နဲ့ သူ့ရောဂါ အခြေအ နေ အ ကြောင်းကို ပြောပြခဲ့ပါတယ်။
View this post on Instagram
#SHWEMOM