စာလုံးပေါင်းအမှားကြောင့် ဖြန့်ချီကာနီးမှ အရောင်းရွှေ့ဆိုင်းလိုက်ရတဲ့ ဂျပန်ဘီယာ

www.sapporobeer.jp

ဂျပန်နိုင်ငံက ဘီယာချစ်သူတွေဟာ ယခုနှစ်ဇန်နဝါရီမှာ အသစ်ထွက်မယ့် limited-edition ဘီယာကို စောင့်မျှော်နေကြပါတယ်။ ဘီယာကိုတော့ ဂျပန်ရဲ့အကြီးဆုံးဘီယာချက်ကုမ္ပဏီ Sapporo နဲ့ ဂျပန်ရဲ့အကြီးဆုံး စတိုးဆိုင်ခွဲတွေဖြစ်တဲ့ Family Mart တို့ပူးပေါင်းပြီးထုတ်လုပ်တာပါ။ အသစ်ထွက်ရှိမယ့် ၄င်းဘီယာကိုတော့ ၁၈၉၇ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ဂျပန်ရဲ့ပထမတန်းဘီယာစက်ရုံ Kaitakushi Brewery ရဲ့ ရိုးရာဘီယာထုတ်လုပ်နည်းစနစ်တွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဘီယာအသစ်ဟာ ဆိုင်တွေပေါ်တင်ခါနီးဆဲဆဲမှာပဲ ထုတ်လုပ်ရေး ရပ်ဆိုင်းခံလိုက်ရပါတယ်။ အကြောင်းရင်းကတော့ ဘီယာမှာချို့ယွင်းချက်ရှိလို့မဟုတ်ဘဲ ထုတ်ပိုးမှုအပိုင်းမှာ ပြဿနာရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဘီယာထွက်မယ်လို့သတ်မှတ်ထားတဲ့ရက် ဇန်နဝါရီ ၁၂မတိုင်ခင်မှာတော့ Family Mart နဲ့ Sapporo Breweries တို့ဟာ ဘီယာဘူးပေါ်က lager စာလုံးအမှားကြောင့် ထုတ်လုပ်ရေးကိုရွှေ့ဆိုင်းလိုက်တယ်ဆိုပြီး ကြေညာခဲ့တာပါ။

www.sapporobeer.jp

ဇန်နဝါရီလ ၅ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကြီးမားပြီး high-resolution ပုံရိပ်တွေကြား lager စာလုံးပေါင်းအမှားကြီးက ထင်းထင်းကြီးပေါ်နေခဲ့တာ ဖြစ်ပါတယ်။ အချို့ကတော့ lager ကို တမင်စာလုံးပေါင်းမှားရေးပြီး ဒီဇိုင်းထွင်ထားတယ်လို့ ယူဆဖွယ်ရှိပါတယ်။ ဒါပေမဲ့လည်း ရက်အနည်းငယ်အကြာမှာတော့ Sapporo Breweries က ဘီယာချစ်သူတွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။

READ
အကြာကြီးခံစားနေရတဲ့ ရောဂါအရှင်းမပျောက်သေးပေမယ့် ကျန်းမာလာပုံပေါက်တဲ့ ဒိုင်နမို
www.sapporobeer.jp

ဘီယာအသစ်ရဲ့ကံကြမ္မာကတော့ ဘယ်လိုလာဦးမလဲမပြောတတ်ပါဘူး။ Limited edition ဖြစ်တဲ့အတွက် ပမာဏနည်းနည်းပဲထုတ်လုပ်ရာကနေ သံဘူးပေါ်ကအမှားကို မျက်စိလျှမ်းသွားကြတာ ဖြစ်နိုင်ပါတယ်။ ဘီယာရောင်းချခြင်းကိုရွှေ့ဆိုင်းပါမယ်ဆိုတဲ့ နို့တစ်ထွက်အပြီးမှာ ဘီယာကို ပြန်ထုတ်မလား၊ မထုတ်ဘူးလားဆိုတာနဲ့ပတ်သက်လို့ ဘီယာကုမ္ပဏီဘက်က ဘာမှမပြောခဲ့ကြောင်းလည်း soranews24 အရ သိရပါတယ်။

ShweMom

SHARE