အတိတ်မေ့နေတဲ့ ချစ်သူရဲ့ အချစ်ကို တဖန်ကြိုးစားပြီး ပြန်လည်ရယူနိုင်ခဲ့တဲ့ အမျိုးသား

ဂျပန်အမျိုးသားကောင်လေးတစ်ယောက်ဟာ မှတ်ဥာဏ်ကွယ်သွားတဲ့ ချစ်သူကောင်မလေးကို သူ့ကို ပြန်ချစ်လာဖို့အတွက်အမျိုးမျိုး ကြိုးစားနေခဲ့ပြီး အဆုံးမှာတော့ အောင်မြင်သွားခဲ့ပါတယ်။ သူတို့ရဲ့ အဖြစ်ဟာ ဟောလီးဝုဒ်ဇာတ်ကား “50 First Dates” ထဲကနဲ့ ခပ်ဆင်ဆင်ပါပဲ။ Oddity Central အရ အသက်(၂၄) နှစ်အရွယ် မာရူယာမာဟာ အတိတ်မေ့ဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ မကြာခင်မှာ လက်ထပ်တော့မယ့် သူမနဲ့စေ့စပ်ထားတဲ့ ချစ်သူကိုလည်း သတိမရပါဘူး။ ဒါကြောင့် သူမရဲ့ စေ့စပ်ထားတဲ့ အမျိုးသား လီဟွာယုက သူတို့နှစ်ဦးရဲ့ အချစ်တွေကို မာရူယာမာ သတိပြန်ရလာအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

မာရူယာမာနဲ့ လီဟာ ချစ်ကြိုက်လာကြတာ (၂) နှစ်ခွဲလောက် ရှိနေပါပြီ။ ဒါပေမယ့် မာရူယာမာဟာ ပြီးခဲ့တဲ့(၉) လတုန်းက စက်ဘီးစီးရင်း ကားတိုက်ခံလိုက်ရပါတယ်။ ထိုစဉ်ကနေစပြီး သူတို့နှစ်ယောက်ရဲ့ ဘ၀ဟာ အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတယ်။ မာရူယာမာဟာ သတိပြန်လည်လာတဲ့အခါ သူမရဲ့ မိဘတွေအပါအ၀င် သူမရဲ့ ချစ်သူအဆုံး တစ်ယောက်မှ မမှတ်မိတော့ပါဘူး။

READ
ပြင်းထန်တဲ့အက်ဆီးဒင့်မှာ ကားစိစိညက်ညက်ကြေမွှခဲ့ပေမယ့် မသေတဲ့လူ

ကားတိုက်မှုကနေ ဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အနာဝေဒနာတွေက သက်သာလာပေမယ့် မှတ်ဥာဏ်ကတော့ ပြန်ကောင်းမလာခဲ့ပါဘူး။ ဒါ့အပြင် သူမရဲ့ မှတ်ဥာဏ်က တစစနဲ့ ဆိုးရွားလာနေပြီး တစ်နေ့တစ်ခြား မှတ်ဥာဏ်တွေဟာ ပျောက်ပျက်လို့ လာပါတယ်။ ဒီအခါ လီအနေနဲ့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ရပ်နားဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရပါတော့တယ်။ သူ့အနေနဲ့ ကောင်မလေးအနားမှာနေပြီး နောက်ဆုံးသူ့ကို မှတ်မိလာတဲ့အထိ ကြိုးစားဖို့ ဖြစ်ပါတယ်။

လီဟာ မနက်တိုင်း ကောင်မလေးဆီကို သွားပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ ပြီးတဲ့အခါ သူတို့နှစ်ဦးက ဘယ်လို ပတ်သက်ဆက်နွယ်ခဲ့တယ်ဆိုတာကို ပြောပြပါတယ်။ လီက “မင်းအနေနဲ့ မှတ်ဥာဏ်တွေ ဆုံးရှုံးကောင်း ဆုံးရှုံးလိမ့်မယ်၊ ဒါပေမယ့် ကိုယ်တို့ အသစ်တဖန်ပြန်စနိုင်တယ်…” ဆိုပြီးတော့ ကောင်မလေးကို အမြဲပြောပြပေးခဲ့တာပါ။ သူတို့နှစ်ဦးရဲ့ ဖြစ်ရပ်ဟာ (၂၀၀၄) ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “50 First Dates” ဇာတ်ကားနဲ့ ဆင်တူပါတယ်။ ဇာတ်ကားထဲမှာတော့ Adam Sandler နဲ့ Drew Barrymore တို့ ပါဝင်သရုပ်ဆောင်ထားပြီး Sandler ဟာ အက်ဆီးဒန့်ဖြစ်သွားတဲ့ Barrymore ကို နေ့စဉ်နေ့တိုင်း လာပိုးပမ်းပြီး သူမမေတ္တာကို အရယူနိုင်ခဲ့တာပါ။

READ
လူတွေလွှင့်ပစ်တဲ့ ပလပ်စတစ်အမှိုက်တစ်ခုကြောင့် သေခဲ့ရတဲ့ပင်လယ်ဖျံလေး

မာရူယာမာရဲ့ ဆရာဝန်တွေကတော့ သူမနဲ့ ပတ်သက်လို့ အရင်က အဖြစ်တွေကို ပြန်လည်မှတ်မိအောင် ဒိုင်ယာရီလေးတစ်အုပ် သိမ်းထားပေးဖို့ အကြံပေးထားပါတယ်။ မာရူယာမာဟာ လီက သူမအပေါ် ထားရှိတဲ့ မေတ္တာစစ်ကို သိရှိပြီးနောက်မှာ သူမက လီကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ “ဒီလိုအချိန်မှာ ကျွန်မအပေါ် ဂရုစိုက်ပေးတာကို ကျေးဇူးတင်ပါတယ်။ ရှင်က ကျွန်မကို အရမ်းနားလည်ပေးတယ်။ ခုလိုဖြစ်နေတဲ့ ကျွန်မပုံစံကိုလည်း လက်ခံပေးခဲ့တယ်။ ဆရာဝန်တွေက တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ မှတ်ဥာဏ်တွေက ပိုပိုဆိုးလာနိုင်တယ်လို့ ပြောတယ်။ ရှင့်ကိုလည်း လုံးဝ မေ့ချင်မေ့သွားလိမ့်မယ်။ ကျွန်မနဲ့ လက်ထပ်နိုင်ပါ့မလား…” လို့ သူမက လီကို ပြောခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မရဲ့ မှတ်ဥာဏ်တွေ ဘယ်လောက် ဆုံးရှုံးနေပါစေ၊ သူ့ကိုတော့ ကျွန်မစိတ်ထဲက အမြဲချစ်နေဦးမယ်လို့ ယုံကြည်ပါတယ်…” လို့ မာရူယာမာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တဲ့စကားကို အခုလို သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE