သီချင်းဆိုမကောင်းဘူး ဝေဖန်တဲ့ အမျိုးသမီးဧည့်သည်ကို တိုက်ခိုက်ခဲ့တဲ့ ကလပ်အဆိုတော်

YouTube/ANNnewsCH

ဂျပန်နိုင်ငံမှာ ကလပ်အဆိုတော်တစ်ဦးက သူသီချင်းဆိုတာကို ဝေဖန်လို့ဆိုပြီး အမျိုးသမီးတစ်ဦးကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အခုလို အမျိုးသမီးဧည့်သည်နဲ့ ကလပ်အဆိုတော်ကြား ဖြစ်ကြတဲ့ ပြဿနာကတော့ ဒီလိုပါ။ 

အောက်တိုဘာလ (၁၇)ရက်နေ့က အသက်(၂၃)နှစ်အရွယ် Hiro Kawakami နဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ အပျင်းပြေ ကာရာအိုကေဆိုဖို့ တခြားဆိုင်တစ်ခုကို သွားခဲ့ကြပါတယ်။အဲ့ဒီမှာ Kawakami အလုပ်,လုပ်တဲ့ ကလပ်မှာ ဆုံခဲ့တဲ့ အမျိုးသမီးနှစ်ဦးနဲ့ တွေ့ခဲ့ကြပါတယ်။ အဲ့ဒီအမျိုးသမီးက Kawakamiကို သီချင်းဆိုမကောင်းဘူးလို့ ဝေဖန်တဲ့အပြင် ရိုင်းဆိုင်းတဲ့ အပြုအမူတွေ လုပ်တာကြောင့် ဒေါသထွက်ပြီး အမျိုးသမီးရဲ့မျက်နှာကို ခေါင်းနဲ့တိုက်လိုက်တဲ့အတွက် အဲဒီအမျိုးသမီး မျက်ခုံရိုး ကွဲသွားခဲ့ပါတယ်။ Kawakamiက ဒါ သူ့အလုပ်နေရာ မဟုတ်တဲ့အတွက် ဒီလိုပြောဆိုတာတွေကို လက်ခံနိုင်ဘူး။ နောက်ပြီး ရိုင်းစိုင်းတဲ့ အပြုအမူတွေလည်း ထပ်လုပ်ခဲ့တဲ့အတွက် ပါးစပ်နဲ့ပြောနေလို့ မရဘူးဆိုပြီး တုန့်ပြန်ခဲ့တာပါ။

အမျိုးသမီးကရော ဘာကြောင့် သူများသီချင်းဆိုတာကို သွားဝေဖန်တာလဲ၊  Kawakami သီချင်းဆိုတာကို မကြိုက်တာလည်းဖြစ်နိုင်သလို၊ Kawakami ဟာ သူမနဲ့နှစ်ယောက်ထဲနေဖို့ကို ငြင်းဆန်ခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။

တိုကျိုမြို့မှာ ရှိတဲ့ ကလပ်အဆိုတော်တွေဟာ business model  ဖြစ်ပြီး၊ ဧည့်သည်အမျိုးသမီးတွေကတော့ အဲ့ဒီညရဲ့ဘုရင်မတွေဖြစ်ပါတယ်။

ဒါပေမယ့်သူမ မေ့နေတာက  သူမပိုက်ဆံပေးထားတာနဲ့ သူမ တောင်းဆိုတိုင်း ကြိုက်သလိုလုပ်နိုင်တဲ့ Kawakami တာဝန်ကျရာ ကလပ်မဟုတ်ဘူးဆိုတာကို သူမေ့လျှော့သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့နှစ်ယောက် အငြင်းပွားချိန်မှာ ကြားကအမျိုးသမီးတစ်ဦးက ၀င်ဖျန်ဖြေပေမယ့် မရခဲ့ပါဘူး။

ဂျပန်နိုင်ငံမှာ ကလပ်တွေ အများအပြားရှိပြီး၊ အဲ့ဒီနေရာတွေကို ငွေကြေးသုံးဖြန်းနိုင်တဲ့ အမျိုးသမီးဧည့်သည်တွေက အလာအများဆုံး ဖြစ်ပါတယ်။ သူတို့က ဆိုင်ရဲ့ ရုပ်ရည်ချောမောပြီး၊ ဆက်ဆံရေးကောင်းမွန်တဲ့ အမျိုးသား top hostတွေကို အနားမှာ ခေါ်ထားတတ်ကြပါတယ်။ ပြီးရင် သူတို့ခိုင်းတဲ့အတိုင်း ဖျော်ဖြေပေးရတာဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒီtop hostတွေကို  ဈေးကြီးရတနာတွေနဲ့ကားတွေတောင် လက်ဆောင်ပေးကြတာဖြစ်ပါတယ်။

ဒါမေပမယ့် ဒေါသအလျှောက် တုန့်ပြန်ခဲ့တဲ့ Kawakami ကတော့ သူ့လုပ်ရပ်ကြောင့် အဖမ်းခံထားရသလို၊ အလုပ်ကလည်း အထုတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

SHARE