Crush ကို ဖွင့်ပြောဖို့ ခက်နေတဲ့သူတွေကို အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့ ကုမ္ပဏီ

ဂျပန်နိုင်ငံက Kokunavi လို့ အမည်ရှိတဲ့ ကိုယ်စားလှယ် ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီဟာ ထူးခြားတဲ့ လုပ်ငန်းလည်ပတ်ပုံတွေနဲ့ ၀န်ဆောင်မှုတွေ ပေးနေပါတယ်။

Kokunavi ဟာ kokuhaku ဆိုတဲ့ ဝေါဟာရကို ဆန်းသစ်ထားတာလို့သိရပြီး မူရင်း အဓိပ္ပာယ်ကတော့ “confession of love” နဲ့ “nevegation” ဖြစ်ကြောင်း သိရပါတယ်။ အဲ့ဒီ ကုမ္ပဏီက အချစ်စကားဖွင့်ပြောရမှာ ကြောက်နေတဲ့သူတွေ၊ ကိုယ်သဘောကျတဲ့သူနဲ့ နီးစပ်နိုင်ဖို့ ခက်ခဲနေတဲ့သူတွေအတွက် ပရော်ဖက်ရှင်နည်းကျကျ နည်းလမ်းတွေ ပေးပြီး ကူညီပေးတဲ့ ၀န်ဆောင်မှုတွေ ပေးနေပါတယ်။

Pakutaso

Kokunavi က အောင်သွယ်တော်လုပ်တဲ့ လုပ်ငန်းမျိုးတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြည့်စွက်ပြီး ပရိုဖိုင်းတည်ဆောက်စရာလည်း မလိုဘူး။ ကိုယ် သဘောကျနေတဲ့သူအကြောင်း၊ ကိုယ်လိုချင်တဲ့ ရည်စားပုံစံ စတာတွေကို ပြောပြပြီး သူတို့က သူ့အတွက် ဘယ်လို လုပ်ရမလဲဆိုတာကို ပြန်လည် အကြုံပြုပေးမှာဖြစ်ပါတယ်။

Kokunavi မှာ ၀န်ဆောင်မှု ပုံစံက (၃) မျိုးရှိတယ်။ Simple Course ဆိုတဲ့ သာမန် ၀န်ဆောင်မှုမျိုးက ယန်းငွေ (၂၉၀၀၀) (USD 260) ကျသင့်ပါတယ်။ သာမန်ဆိုတဲ့ အတိုင်းပဲ သာမန်ရိုးကျနည်းလမ်းတွေ၊ ဖွင့်ဆိုပုံတွေသာ ပါဝင်ပါတယ်။ ဒီ့ထက်ပိုပြီး တဆင့်မြင့်တဲ့ ပလန်ကတော့ ယန်း (၅၉၀၀၀) တန် Support Pack ဖြစ်ပါတယ်။ အဲ့ဒီ အမျိုးအစားမှာတော့ ကျွမ်းကျင်သူတို့က ဘယ် အချိန်မှာ သွားခေါ်ရမယ်၊ ဘယ်လိုနေရမှာ တွေ့ရမယ်၊ ဘယ်လို စကားလုံးတွေကို ပြောရမယ်က အစ အကြံအဉာဏ်တွေ ပေးမှာဖြစ်တဲ့အပြင် ကုမ္ပဏီရဲ့ ၀န်ထမ်းတွေနဲ့ အနည်းဆုံး (၃) ကြိမ်လောက်ထိတွေ့ပြီး အသေအချာ ဆုံးဖြတ် ပြင်ဆင်နိုင်မှာဖြစ်တယ်။

READ
ကလေးတွေအတွက် ကျောင်းစာရိတ်မရှိလို့ ကျောက်ကပ်ထုတ်ပြီး ရောင်းချတော့မယ့် မိခင်
Pakutaso

နောက်ဆုံး ပလန်ကတော့ Premium Course လို့ခေါ်ပြီး ယန်း (၁၄၉၀၀၀) (USD 1340) တန်ဖိုးပေးချေရမှာဖြစ်ပါတယ်။ ဒီ အစီအစဉ်မှာတော့ အရင် လုပ်ဆောင်ခဲ့တဲ့ ပုံစံတွေကို ဒေတာယူထားပြီး ပြန်လည်း သုံးသပ်တဲ့ ကဏ္ဍတွေလည်း ပါဝင်မှာဖြစ်သလို မအောင်မြင်မချင်း အကောင်းဆုံးနည်းလမ်းတွေ၊ အကြံဉာဏ်တွေ ပေးမှာဖြစ်ပါတယ်။ ရှောင်ရန် ဆောင်ရန်တွေက အစ ပြောပြပြီး အကွက်စေ့စေ့ အလုံးစုံ ပြည့်စုံအောင် စီစဉ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ဖွင့်ပြောရမှာ ရှက်ကြောက်တတ်တဲ့ အမျိုးသားများကိုလည်း အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးခဲ့ပြီးဖြစ်သလို အမျိုးသမီး တစ်ချို့ကိုလည်း ကူညီပေးပြီးပြီလို့ သိရပါတယ်။ Niigata ဒေသက (၂၅) နှစ်အရွယ် အမျိုးသမီးကတော့ သူမရဲ့ အခြေအနေကတော့ အောင်မြင်ခဲ့ကြောင်း၊ ကုမ္ပဏီရဲ့ ဆရာကျတဲ့ နည်းလမ်းတွေကိုလည်း မှင်သက်မိကြောင်း ပြောပြထားတာတွေ့ရပါတယ်။

READ
ပြည့်တန်ဆာအဖြစ် အသက်မွေးဖို့ ရှေ့နေအလုပ်ကို စွန့်လွှတ်ခဲ့တဲ့ အမျိုးသမီး
Pakutaso

ရည်းစာလိုချင်တဲ့ သူတွေအနေနဲ့ ဘာမှ ရှက်နေဖို့မလိုကြောင်း၊ ငယ်ငယ်က သူငယ်ချင်းကို ရည်းစားစာပေးခိုင်တဲ့ ခံစားမှုမျိုးသာထားပြီး လှမ်းခဲ့ပါလို့ ကြော်ငြာထားတာတွေ့ရပါတယ်။ ဒါပေမယ်… တစ်ဖက်က သူဟာနဲ့သူ သူငယ်ချင်းလေးပါပဲ ဆိုရင်တော့ ပိုက်ဆံ ပြန်မအမ်းပါဘူးတဲ့…။

Source: Soranews

Matthew
SHARE