အမျိုးသားထုကြီးကို လှလှပပကြီး လှည့်စားနိုင်ခဲ့တဲ့ Rei Dunois

Image:IG/ Rei Dunois

ဂျပန် နိုင်ငံရဲ့ နာမည်ကြီး “Cosplay Queen” Rei Dunois  က တော့ အမျိုးသမီး anime character တွေကို ပုံဖော် ဖန်တီးမှု တွေ နဲ့ နာမည်ကြီးလာခဲ့တာပါ။အားလုံးက မိန်းက လေးအစစ်လို့ ထင်ပြီး အမျိုးသားလို့ နည်းနည်း လေးမှ တောင် ထင် မထားခဲ့တာပါ။ဒါပေမယ့် တကယ်တော့ သူဟာ အားလုံးထင်ထားသလို မိန်းက လေး အစစ် မဟုတ်ပဲ ယောက်ျား ကြီး တစ်ယောက်ဆိုတာကို ဖွင့်ချ ပြခဲ့ ချိန်မှာတော့ အမျိုးသား ပရိသတ်တွေ အားလုံး အံ့သြ သွားခဲ့ ရပါတယ်။ဒီ  အကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။

Image:IG/ Rei Dunois

သူမရဲ့ မျက်နှာ ရော၊ကိတ်တာတွေ ကပါ အားလုံးက တကယ့် မိန်းက လေးလို ဖြစ် နေတာမို့ အားလုံးက တကယ့် မိန်း မ အစစ်လို့ ပဲ ထင်ထားခဲ့တာပါ။ဒါပေမယ့် အမျိုးသမီးတစ်ယောက်လို တောက်လျောက် နေ လာခဲ့ပြီး နောက် မှာတော့ ယောက်ျားလေးပါလို့ ဖွင့် ပြောခဲ့တာပါ။အွန်လိုင်းပေါ်မှာ မြင် နေသမျှ ကို မယုံကြဖို့ ကောင်းကောင်းကြီး သက် သေ ပြ သွားတာပါ။

READ
2017 The Comedy Wildlife ဓာတ်ပုံပြိုင်ပွဲရဲ့ စကာတင်စာရင်းဝင်ပုံတွေ
Image:IG/ Rei Dunois

Rei Dunois က တော့ အမျိုးသားထုကြီးရဲ့ ချစ်ခင် အားပေးမှုကို အပြည့်အ၀ ကို ရထားပြီး ယောက်ျားတိုင်းရဲ့ စိတ်ကူးထဲက ချစ်သူ ကောင် မလေး ဖြစ်နေခဲ့တာပါ။အမျိုးသား Fan တစ်ယောက်က ဆိုရင် ” ငါ ကတော့ အရမ်းလန်းတဲ့ ကောင် မ လေး ဆိုပြီး Follow လိုက်ရတာ ။သူက တော့ ယောက်ျားကြီးတဲ့လား၊မယုံနိုင်စရာပဲ ..” ဆိုပြီး Comment ၀င် ရေးခဲ့ပါ တယ်။

Image:IG/ Rei Dunois

IG မှာ ရင်ဟိုက်ဟိုက်ပုံတွေကို တင်တဲ့ အခါ ကိတ် ထွက်နေတဲ့  စ နေ နှစ်ခိုင် ကြီး ကလည်း တကယ် တော့ Rei Dunois  ရဲ့ လက်ရာ မြောက်တဲ့ ဖန်တီးမှုတွေထဲက တစ်ခုပါ။မိန်းက လေးနဲ့ တူ အောင် မိတ်ကပ်၊ဆံပင်တု တွေ၊ ဓါတ်ပုံ တွေကို Edit လုပ်ပြီး တင်ခဲ့တာပါ။

READ
မူးပြီးအိပ်ပျော်နေတဲ့နိုင်ငံခြားသားကို ဝူဟန်ဖြစ်နေတယ်ဆိုပြီး လန့်ဖြန့်ခဲ့ကြတဲ့မနီလာမြို့
Image:IG/ Rei Dunois

 

View this post on Instagram

 

Give me love…..

A post shared by 麗癒(Rei) (@dunois_rei) on

စ နေ နှစ်ခိုင် အတွက် ကတော့ ဆီလီကွန် ရင်သားအတု ကြီးကို တပ်ပြီး မိတ်ကပ်နဲ့ ဖုံးလိုက်တာပါ။အခုနောက်ပိုင်းမှာ တော့ မိန်းက လေးပုံစံ ပြင်ဆင်ပြီး Cosplay လုပ် နေတဲ့ သူတွေ များ လာ ပါပြီ။Takuma Tani ဆိုတဲ့ အသက် (၄၂)နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း  ကျောင်းသူ လေး  Cosplay လုပ်ရင်း နာမည်ကြီးခဲ့တာပါ။

SHARE