မိတ်ကပ်မပါတဲ့ ရုပ်ကို ပြသရဲလို့ နာမည်ကြီးသွားတဲ့ ဂျပန်က Cosplayer မလေး

ဂျပန်နိုင်ငံက cosplyer တစ်ယောက်ဟာ သူမရဲ့ နဂိုရုပ်နဲ့ ပြင်ဆင်ထားတဲ့ ရုပ် နှစ်မျိုးကို ယှဉ်ပြခဲ့ပြီး အင်တာနက် အသုံးပြုသူအားလုံးကို အံအားသင့်စေခဲ့ပါတယ်။

သူမက သူမရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ မိတ်ကပ်စကေးကို ပြသလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ Itwasa လို့ အမည်ရတဲ့ ကောင်မလေး @itws_a ဆိုတဲ့ တွစ်တာ အကောင့်ကနေ မနက်ခင်း ပုံမှန် အသာရေး ထိန်းသိမ်းမှု လုပ်အပြီး ကော်ဖီသောက်တာကို အမေက ရိုက်ထားတဲ့ပုံနဲ့ Idolmaster Cinderella Girls ထဲက Shin Sato အသွင်ပြောင်းလဲ လိမ်းခြယ်ထားတာကို ယှဉ်ပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

အွန်လိုင်းပေါ်က လူတွေကတော့ သူမရဲ့ cosplay စကေးနဲ့ မျက်နှာပြောင်တိုက် နေရတဲ့ ယုံကြည်မှုရှိမှုအပေါ်မှာ မှင်သက်နေကြပါတယ်။

READ
ရင်ထဲကလာတဲ့ စကားတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အားပေးနေကြတဲ့ သူတို့နှစ်ယောက်

Cosplayer တစ်ယောက်ကို မိတ်ကပ်မပါဘဲ မြင်ရဖို့က ရှားကြောင်း၊ သူမရဲ့ မိတ်ကပ်မပါတဲ့ အသားရေဟာ ကျက်သရေရှိကြောင်း၊ သဘာဝအတိုင်း အသားအရေဟာ ဂလိုးနေကြောင်း စသဖြင့် ၀ိုင်းဝန်းမှတ်ချက်ပေးထားကြပါတယ်။

https://twitter.com/itws_a/status/1130059082402897922

Itawasa ကတော့ အခုလိုမျိုး အားလုံးရဲ့ စိတ်ဝင်စားမှုကို ရခဲ့တာ အံအားသင့်မိကြောင်း၊ ဖောလိုဝါတွေလည်း တိုးလာခဲ့ကြောင်း၊ အခုလိုမျိုး before-after ပုံကို ပြတဲ့ cosplayer ဟာ သူမတစ်ယောက်တည်း မဟုတ်ကြောင်း၊ ၄င်းတို့ကိုလည်း အားပေးနိုင်ကြောင်း ရိုးရိုးလေး ပုံကို စာတွဲပြီး ဖော်ပြခဲ့ပါတယ်။

Matthew (ShweMOM)

SHARE