အကောင်းဆုံး Mirror selfie ကိုဘယ်လိုရိုက်ရမလဲ လက်တွေ့ပြသခဲ့တဲ့ Cosplayer

[email protected]_Furiyura

ဒီဘက်ခေတ်မှာ လူတိုင်းဓာတ်ပုံရိုက်ရင် ပုံထွက်ကောင်းတာထက် ဘယ်လိုပုံစံမျိုးအနေအထားနဲ့ ပို့စ်ပေးရမလဲဆိုတာကို ခေါင်းရှုပ်တတ်ကြပါတယ်။ ဓာတ်ပုံ resolution ကောင်းဖို့ဆိုတာက ကင်မရာကောင်းကောင်း ဒါမှမဟုတ် ဖုန်းကောင်းကောင်းနဲ့  ရိုက်ရင် ပုံထွက်ကတော့ ကောင်းကြတာချည်းပါပဲ။ ဒါပေမယ့် ပုံထဲမှာ ဘယ်လိုပုံစံနဲ့ ပို့စ်ပေးရမလဲဆိုတာ ခေါင်းရှုပ်လေ့ရှိကြပါတယ်။ အထူးသဖြင့် Mirror selfie ရိုက်တဲ့ အခါမျိုးမှာဆိုရင်ပေါ့။ လူတော်တော်များများဟာ မှန်ထဲမှာ ကိုယ့်ပုံကို Mirror selfie ရိုက်ရင် ဒီအတိုင်းလေး မှန်ရှေ့မှာ မတ်တပ်ရပ်ပြီးသာ ဓာတ်ပုံရိုက်လေ့ရှိပါတယ်။ ဒါ့ကြောင့်အခုလည်း ဂျပန်နိုင်ငံက အမျိုးသမီး cosplayer တစ်ဦးကတော့ ဘယ်လိုပုံစံနည်းလမ်းနဲ့ အကောင်းဆုံး Mirror selfie ကို ရိုက်တယ်ဆိုတာကို လက်တွေ့ပြသခဲ့ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]_Furiyura

အဆိုပါအမျိုးသမီးကတော့ ဂျပန်နိုင်ငံရှိ နာမည်ကြီး cosplayer တစ်ဦးဖြစ်တဲ့ Furiko ပဲ ဖြစ်ပါတယ်။ Furiko ဟာ Mirror selfie ရိုက်ရင် ဘယ်လိုပုံစံနဲ့ ရိုက်သင့်လဲဆိုတဲ့ နည်းလမ်း ၂ ခုကို ပေးခဲ့ပါတယ်။ ပထမတစ်ခုကတော့ ကိုယ်လုံးပေါ်မှန်အရှေ့မှာ ကင်မရာကို ဇောက်ထိုးထားပြီး ညာခြေကို အနည်းငယ်မြှောက်တဲ့ ပုံစံလေးနဲ့ ရိုက်တာပဲ ဖြစ်ပါတယ်။ ကင်မရာကို ဇောက်ထိုးထားထားမှသာ တစ်ကိုယ်လုံးပုံအပြည့် ဖုန်းထဲမှာ ပေါ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒုတိယနည်းလမ်းကတော့ ကင်မရာကို ဇောက်ထိုးထားပြီး ခါးနဲ့ တန်းတူ ကင်မရာကို ကိုင်ပြီး ရိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုမှသာ ကိုယ့်ခန္ဓာကိုယ်ရဲ့ အလှတရားကို မှန်ထဲမှာ သေသေချာချာ ပြတ်သားစွာ မြင်နေရမှာပဲ ဖြစ်ပါတယ်။

READ
အသက်(၉၇)နှစ်ရှိနေပေမယ့် တီဗီအစီအစဉ်ကနေ Blind Date လုပ်ခဲ့တဲ့အမျိုးသားကြီး

 

“လူတော်တော်များများက Mirror selfie ရိုက်ရင် ဒီအတိုင်း ကိုယ်တစ်ပိုင်းပဲပေါ်အောင် ရိုက်လေ့ရှိပါတယ်။ အဲဒါက သိပ်အဆင်မပြေပါဘူး။ Mirror selfie ရိုက်ရင် ဖုန်းကို ဒီလိုမျိုးဇောက်ထိုးထားပြီး တစ်ကုယ်လုံးပေါ်တဲ့ မှန်အရှေ့မှာပဲ ဓာတ်ပုံရိုက်သင့်ပါတယ်။ အဲဒီလိုရိုက်မှ ကိုယ့်ရဲ့ တစ်ကိုယ်လုံးပုံဟာ သေသေချာချာပေါ်ပြီး ကိုယ်ကြိုက်တဲ့ပို့စ်ကို စိတ်ကြိုက်အနေအထားပေးနိုင်မှာပဲ ဖြစ်ပါတယ်”လို့ Furiko က ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE