စိတ်လှုပ်ရှားဖွယ်ရာ အထူးအဆန်းတွေနဲ့ ပြည့်နှက်နေတဲ့ ဂျပန်နိုင်ငံ

© theta64 / reddit © larisa_shimokhina / instagram

ဂျပန်ဟာ နည်းပညာမှာ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်နဲ့ လူသိများပါတယ်။ ဂျပန်လူမျိုးအများစုဟာ ယေဘူယျအားဖြင့် ပညာရေးကောင်းမွန်ကြပါတယ်။ စည်းကမ်းရှိတဲ့လူမျိုးလို့ သတ်မှတ်ခံရတာနဲ့အညီ ဂျပန်ဒေသခံတွေနဲ့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေဟာ အခြားနိုင်ငံက လူတွေအတွက်တော့ အများကြီး ထူးခြားလို့ နေပါတယ်။ ဂျပန်နိုင်ငံမှာ သာမန်ရိုးကျမဟုတ်တဲ့ အစားအသောက်တွေအပြင် အံ့သြလောက်စရာ ကောင်းမွန်တဲ့ ၀န်ဆောင်မှုစနစ်အကြောင်း၊ လုံခြုံစိတ်ချရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေကိုပါ brightside ကနေ ခုလို သိရပါတယ်။

ဂျပန်နိုင်ငံက ထွက်ခွာတော့မယ့် လေယာဉ်တိုင်းကို မြေပြင်မှ လုပ်သားဝန်ထမ်းတွေက ဦးညွှတ်ကာ လက်ပြနှုတ်ဆက်လေ့ ရှိပါတယ်။

© SuspiciousPassenger / reddit

ဝါးမီးသွေးနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေပါ။ ပေါင်မုန့်တွေဟာ တူးနေတဲ့ ပေါင်မုန့်တွေလို့ ထင်စရာရှိပေမယ့် တကယ်တမ်း လတ်ဆတ်ပြီး နူးညံ့တဲ့ ပေါင်မုန့်တွေပါ။

© kotofeichkotofej / pikabu

ရထားစီးမယ့် ခရီးသည်တွေဟာ သတ်မှတ်ထားတဲ့ အ၀ါရောင်လိုင်းမှာသာ ရပ်ပြီး ရထားအလာကို စောင့်ကြပါတယ်။ ရထားရဲ့ တံခါးပေါက်တွေဟာ ခရီးသည်တွေ မတ်တပ်ရပ်တဲ့နေရာမှာ ကွက်တိပွင့်ပြီး ဘယ်သူမှ နောက်က ကျော်တက်တာမျိုး တွန်းထိုးတာမျိုးတွေ မလုပ်ကြပါဘူး။

© rakhilya_aitkulova / instagram

ဂျပန်က vending machines တွေဟာ ဟင်းသီးဟင်းရွက်တွေနဲ့ သီးနှံတွေကိုပါ ရောင်းချလေ့ရှိပါတယ်။ အချို့စက်တွေဆိုရင် ဘီယာတောင် ရပါတယ်။ ဒါပေမယ့် ဘီယာကိုတော့ နေ့အချိန်မှာသာ ရောင်းတယ်လို့ သိရပါတယ်။

© theta64 / reddit

ကစားကွင်းတွေနဲ့ အများပိုင် အပန်းဖြေနေရာတွေနားမှာ အပူပေးစက်တွေ ရှိပါတယ်။ တကယ်လို့ ရာသီဥတုက အပြင်မှာ အရမ်းအေးနေတဲ့အခါ ကလေးဆော့နေတာကို စောင့်ကြည့်နေရတဲ့ မိဘတွေဟာ အချမ်းသက်သာအောင် ဂက်စ်အပူပေးစက်တွေနားမှာ အနွေးဓာတ်လှုံနိုင်ပါတယ်။

© olga_danshyna / instagram

ကျောင်းလေ့လာရေးခရီးသွားတဲ့အခါ ကလေးတွေဟာ သူတို့ရဲ့ ကျောပိုးအိတ်တွေကို မီးရထားဘူတာရုံထဲမှာ ဒီတိုင်းထားခဲ့ပါတယ်။ သူတို့ပစ္စည်းတွေ အခိုးခံရမှာကို စိတ်ပူစရာမလိုပါဘူး။

© curated_japan / instagram

ဒါကတော့ ဖခင် သို့မဟုတ် မိခင်တစ်ယောက်က မောင်းပြီး ကလေးရှေ့တစ်ယောက်၊ နောက်တစ်ယောက် ထိုင်နိုင်တဲ့ ဆိုင်ကယ်လေးတွေ ဖြစ်ပါတယ်။ ကားမရှိသေးတဲ့ မိသားစုတွေကတော့ ဒီဆိုင်ကယ်လေးတွေကို အသုံးပြုကြပါတယ်။

© larisa_shimokhina / instagram

အစိမ်းရောင်လိုင်းတွေကတော့ ဂျပန်မှာ ကျောင်းနယ်မြေလို့ ဖော်ပြတာပါ။

© ZirakJp / reddit

တကယ်လို့ စူပါမားကတ်မှာဈေးဝယ်လို့ ကိုယ်ဝယ်တဲ့ပစ္စည်းက လက်ထဲကိုင်သွားဖို့ အခက်အခဲဖြစ်တဲ့ ပစ္စည်းဆိုရင် စူပါမားကတ်က သယ်လို့လွယ်အောင် လက်ကိုင်လေးတစ်ခု ထည့်ပေးပါတယ်။

© unknown / imgur

တက္ကစီတွေကို လိုက်ကြည့်လို့ ထိုင်ခုံတွေမှာ အဖြူရာင်အစွပ်တွေ စွပ်ထားတာကို မြင်ရရင် ဒါ ဂျပန်ရောက်နေပြီလို့ သိနိုင်ပါတယ်။

© curated_japan / instagram

ဒီဂျပန်စားသောက်ဆိုင်ဆိုရင်တော့ တော်တော့်ကို ထူးခြားတဲ့ ဆိုင်လေး ဖြစ်ပါတယ်။ စားသောက်သူတွေရဲ့အထုပ်အပိုးတွေနဲ့ ပစ္စည်းတွေကို သီးသန့်တစ်စုတစ်စည်းတည်း ထားဖို့အတွက် ခြင်းတောင်းလေးတစ်လုံး ပေးထားပါတယ်။

© kawaijapanshop / instagram

လင်းလင်း (ShweMom)

SHARE