အများအကျိုးဆောင်ရွက်ခဲ့ပေမယ့် သေနတ်သမားတွေကြောင့် ဆုံးပါးခဲ့တဲ့ အမျိုးသား

Ttong Sul, NHK

အာဖဂန်ရဲ့ မိုးခေါင်ရေရှားအရပ်တွေမှာ စနစ်တကျ နည်းစနစ်တွေနဲ့ တူးမြောင်းတူးဖို့ကြိုးစားသူ ဂျပန်လူမျိုး ဆရာဝန်တစ်ဦးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကပဲ အာဖဂန်အရှေ့ပိုင်းမှာ သေနတ်သမားတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တယ်လို့ nextshark သတင်းအရ သိရပါတယ်။ သေဆုံးသူ ဆရာဝန်ဟာ အသက် (၇၃) နှစ်အရွယ် တက်ဆုနာကာမူရာဆိုသူပါ။ နာကာမူရာဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Peace Japan Medical Services (PMS) ကို တည်ထောင်သူလည်း ဖြစ်ပါတယ်။

Twitter/Kenji Yatsu

သူဟာ ဂျလာလာဘတ်မှာရှိတဲ့ ၄င်းရဲ့ အလုပ်ကို သွားစဉ် ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ သေနတ်သမားတွေက နာကာမူရာစီးလာတဲ့ယာဉ်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။ နာကာမူရာဟာ ညာဘက်ရင်အုံမှာ ကျည်ထိမှန်သွားခဲ့ကာ ဒေသခံဆေးရုံမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုထဲမှာတော့ နာကာမူရာအပါအ၀င် ယာဉ်မောင်းနဲ့ အခြားလူ(၅) ဦးတို့လည်း အသတ်ခံခဲ့ရပါတယ်။

READ
ရထားမလာခင် အချိန်ပိုင်းအလိုမှာ ရထားလမ်းပေါ် မူးမေ့လဲကျခဲ့တဲ့ကောင်မလေး
YouTube/NHK

နာကာမူရာကို (၁၉၄၆) ခုနှစ်က ဂျပန်နိုင်ငံ ဖူကိုကာမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ (၁၉၇၈) ခုနှစ်တုန်းက အာဖဂန်ကို ရောက်လာခဲ့သေးပြီး အာဖဂန်နဲ့ ပါကစ္စတန်ကြား တောင်ထူထပ်ရာနေရာတစ်ဝိုက်က အင်းဆက်တွေကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ သူဟာ အာဖဂန်နဲ့ ပါကစ္စတန်ကြားက စစ်ဘေးကြောင့် ဒုက္ခရောက်နေသူတွေကို ကြင်နာစွာဆေးဝါးကုသမှုပေးတဲ့အတွက်လည်း (၂၀၀၃) ခုနှစ်တုန်းက လူမှုထူးချွန်ဆု ရခဲ့ပါသေးတယ်။

YouTube/NHK

နယ်စပ်ဒေသတွေမှာ ဆေးဝါးကုသရင်းနဲ့ နာကာမူရာက သူ့လူနာတွေမှာ ကြည်လင်သန့်ရှင်းတဲ့ ရေအရင်းအမြစ်ရှားပါးနေတာကိုလည်း သိရှိခဲ့ပါတယ်။ ဒါကြောင့် ဆေးဝါးချည်းပဲလည်း ကုသရုံနဲ့မပြီး၊ ရေကလည်း အရေးကြီးတယ်ဆိုတဲ့အယူအဆနဲ့ တူးမြောင်းတူးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ (၂၀၀၀) ခုနှစ်မှာတော့ နာကာမူရာဟာ ရွာသားတွေကို ရေတွင်းတွေတူးကြဖို့ စတင်လှုံ့ဆော်ပါတယ်။ ထို့နောက်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀) ကတည်းက သူနေထိုင်ရာဇာတိမြို့မှာ တည်ဆောက်ထားတဲ့ ရေတူးရေသွယ်စနစ်ရဲ့ ပုံကြမ်းကို ယူကာ တူးမြောင်းကြီးတွေ ဆောက်ဖို့ အစီအစဉ်ဆွဲခဲ့တာ ဖြစ်ပါတယ်။

READ
ဝန်ထမ်းတွေကို Body shame လုပ်ခဲ့တဲ့ လေကြောင်းအကြီးအကဲ၊ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရ
Twitter/Kenji Yatsu

နာကာမူရာသေဆုံးစဉ်မှာ သူဟာ အာဖဂန်က လူပေါင်း(၁) သန်းအတွက် အကျိုးရှိစေမယ့် တူးမြောင်းကွန်ယက်ကြီးအတွက် ကူညီပေးနေတာဖြစ်ပါတယ်။ သူ့ကြောင့် ရေရှားတဲ့နယ်မြေ ဧက (၆) သောင်းကို ရေသွင်းပေးနိုင်ခဲ့တာဖြစ်ပြီး လူပေါင်း(၁) သန်းတို့ရဲ့ ဘ၀ဟာ တိုးတက်ခဲ့တာပါ။ ဒါပေမယ့် ဒေါက်တာ ခမျာ သနားစရာပဲ သူတစ်ပါးအကျိုးအတွက် လုပ်ဆောင်နေရင်းကြားထဲက အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ယနေ့အချိန်ထိ နာကာမူရာနဲ့ ကားထဲမှာပါလာတဲ့ သူ့အဖွဲ့ကို မည်သူမည်ဝါသတ်တယ်ဆိုတာ မဖော်ထုတ်နိုင်သေးဘူးလို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE