အားပါလှတဲ့ စကားသံတွေနဲ့ ဟင်းချက်ပြတဲ့ ဗီဒီယိုတွေကြောင့် လူကြိုက်များနေတဲ့ နပန်းမယ်

[email protected]_sead

COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုကာလမှာ လူတိုင်းအိမ်မှာနေပြီး ပျင်းရိနေကြမှာပါပဲ။ တစ်နေပထက်တစ်နေ့ အိမ်မှာနေရတာကြာလာတာနဲ့အမျှ လူတွေမှာ လုပ်စရာမရှိပဲ နေ့ရက်တွေက အထီးကျန်လာတတ်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရှိ နာမည်ကြီး နပန်းသမားအမျိုးသမီးတစ်ယောက်ကတော့ ဒီလိုမဟုတ်ပါဘူး။ အခုအချိန်မှာတော့ အဆိုပါနပန်းမယ်ဟာ ဆိုရှယ်မီဒီယာမှာ တင်လေ့ရှိတဲ့ သူမရဲ့ ဟင်းချက်ဗီဒီယိုဖိုင်တွေကြောင့် နာမည်ကြီးပြီး လူကြိုက်များနေကြောင်း Sora News24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါနပန်းမယ်ရဲ့နာမည်ကတော့ Yoshiko ပဲ ဖြစ်ပါတယ်။ များသောအားဖြင့် မိန်းကလေးတွေ ဟင်းချက်ပြမယ်ဆိုရင် ဘာလေးထည့်မယ်၊ ညာလေးထည့်မယ်၊ ဘယ်လိုမွှေမယ် အစရှိသဖြင့် အသံချိုချိုလေးတွေနဲ့ ပြောလေ့ရှိပါတယ်။

ဒါပေမယ့် Yoshiko ကျတော့ အဲဒီလိုပုံစံနဲ့ ဆန့်ကျင်ဖက်ပါပဲ။ တစ်ခုခုချက်တော့မယ်ဆိုရင် အသံအကျယ်ကြီးနဲ့ ဘာထည့်မယ် ညာထည့်မယ် အသားကုန်အော်ဟစ်ပြောကာ ဟင်းချက်လေ့ရှိပါတယ်။ ဒါ့အပြင် သူမချက်တြ့ ဟင်းတော်တော်များများဟာ ပုံစံကြည့်လိုက်တာနဲ့ အလွန်ချစ်စရာကောင်းပြီး စားချင်သဖွယ်ဖြစ်တာကြောင့် Yoshiko မှာ follower 16k နီးပါးရှိပြီး သူမရဲက ဟင်းချက်ဗီဒီယိုတွေဟာလည်း အရမ်းလူကြည့်များပါတယ်။

READ
ကိုယ်ဝန်ဆောင်ထားရတဲ့ချစ်သူဟောင်းကို ရက်ရက်စက်စက်သတ်ခဲ့သူ

https://www.instagram.com/p/B_pSF0vp-qn/

“ ကျွန်မရဲ့ ပင်ကိုယ်ပုံစံကိုယ်က စိတ်ကြမ်းလူကြမ်းသမားပါ။ ဟင်းချက်ဝါသနာပါတာကြာပေမယ့် ဒီလို အိမ်မှာနေနေရတဲ့ အချိန်မှာမှ သေသေချာချာ ကိုယ်စားဖို့ ဟင်းချက်ဖြစ်တာပါ။ ဆိုရှယ်မီဒီယာမှာ ကမန်မပရိသတ်တွေကို အိမ်မှာနေရင်း ဘာလုပ်နေလဲဆိုတာကို ဟင်းချက်ပြရင်းနဲ့ ဒီအတိုင်းချက်ဖြစ်သွားတာပါ” လို့ Yoshiko က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE