အကောင်းဆုံးခေါက်ဆွဲခြောက်ပြုတ်နည်းကို ထုတ်ပြလိုက်တဲ့ ဂျပန်ကအစားဂုရုမမ

အသင့်စားခေါက်ဆွဲခြောက်ထုတ်တွေဆိုတာ ရေနွေးဖြောပြီး အလျှင်လိုတဲ့အခါစားတဲ့အစားအသောက်လို့ သတ်မှတ်ကြပေမယ့် ခေါက်ဆွဲခြောက်ထုပ်တွေကို ကျန်းမာရေးနဲ့ညီညွတ်ပြီး အရာသာရှိရှိချက်ပြုတ်စားသောက်လို့ရနိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပါတယ်။

ဂျပန်နိုင်ငံရဲ့ စားဖိုမှူးးမမတစ်ယောက်ကတော့ ခေါက်ဆွဲခြောက်ထုပ်တွေကို အရသာရှိတဲ့တစ်နပ်စာအဖြစ် ဘယ်လိုမျိုးပြင်ဆင်ချက်ပြုတ်မလဲဆိုတဲ့ နည်းလမ်းလေးကို မျှဝေထားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် လန်ဒန်မှ Bonnie Chung ဟာ National Ramen Day ကို ၂၀၁၉ ဧပြီလ ၄ ရက်နေ့တုန်းက စတင်ဖန်တီးခဲ့ပါတယ်။

Bonnie Chung

အထိန်းအမှတ်အဖြစ်လည်း ခေါက်ဆွဲခြောက်ကို မှန်မှန်ကန်ကန်ချက်ပြုတ်ပြင်ဆင်ပုံ အဆင့်ဆင့်အကောင်းဆုံးနည်းလမ်းကို ကိုယ်တိုင်ချက်ပြုတ်ကာမျှဝေပေးခဲ့ပါတယ်။ တကယ်တော့ ramen ဆိုတဲ့ ဂျပန်ပေါက်ဆွဲဟာ ဂျပန်တို့ရဲ့ အဓိကနေ့စဉ်စားသုံးတဲ့ အစားအသောက်ဖြစ်ပါတယ်။ အခုလို National Ramen Day ကို သတ်မှတ်ပြီး ချက်ပုံချက်နည်းကိုမျှဝေတယ်ဆိုတာဟာလည်း ဂျပန်တွေတန်ဖိုးထားတဲ့ ရိုးရာဟင်းတစ်ခွက်ကို သာမန်ကာလျှံကာသဘောမထားစေချင်လို့ပဲဖြစ်ပါတယ်တဲ့။

READ
ကိုယ့်ကို လူတွေဘယ်လိုထင်မလဲဆိုတာ ဂရုမစိုက်ဘဲဘယ်လိုနေရမလဲ
Bonnie Chung

ခေါက်ဆွဲကိုပြုတ်တဲ့အခါ ဘယ်တော့မှချိုးခြေပြီးမပြုတ်ရင် အကောင်းဆုံးပါပဲလို့ စစချင်းပြောထားပါတယ်။ ပြီးရင်တော့ ပြုတ်ထားတဲ့ခေါက်ဆွဲကို ရေအေးသန့်သန့်လေးနဲ့ ဆေးချပစ်လိုက်ပါတဲ့။ ပြီးရင်တော့ ရေခဲရေထဲမှာ ခဏလေးစိမ်ထားလိုက်ပါ။ ဒီလိုစိမ်လိုက်တာဟာ ကိုယ်ခေါက်ဆွဲပြုတ်လိုက်တဲ့အချိန်မှာ အရမ်းပျော့ပြဲသွားတာတို့ဘာတို့ဆိုရင် ပြန်ပြီးဆတ်တောက်တောက်ခံစားချက်ကို ရရှိစေပါတယ်။

Bonnie Chung

ခေါက်ဆွဲထဲမှာပါတဲ့အနှစ်ထုတ်ကို ရေလေးနည်းနည်းလောက်နဲ့ဖျောပြီး ဟင်းရည်လုပ်ဖို့တည်ထားတဲ့ရေနွေးထဲကို သေသေချာချာအရသာဝင်အောင် ထည့်မွှေလိုက်ပါ။ ပြီးရင်တော့ အပေါ်မှာထပ်ထည့်မယ့်အသားတို့၊ အရွက်တို့ကို ပြင်ဆင်ကာ ချက်ပြုတ်လိုက်ပါ။ နောက်ဆုံးမှာတော့ ရေခဲရေထဲကခေါက်ဆွဲကို ပန်းကန်လုံးထဲထည့်၊ ပြင်ဆင်ထားတဲ့ ဟင်းရွက်နဲ့အသားတွေကို ထည့်ပြီးကာမှ ဟင်းရည်ပူပူလေးကို အပေါ်ကလောင်းချလိုက်တဲ့အခါမှာတော့ ပြီးပြည့်စုံတဲ့ခေါက်ဆွဲတစ်ပွဲရပါပြီ။

ဒီနည်းလမ်းဟာ သာမန်ခေါက်ဆွဲခြောက်ထုပ်ကို ချိုး၊ ပါတဲ့အနှစ်နဲ့အမှုန့်ထုပ်တွေကိုရောထည့်ပြီး ရေနွေးဖျောသောက်တဲ့ အရသာနဲ့ယှဉ်ရင်တော့ လုံးဝကို နှိုင်းယှဉ်လို့မရနိုင်မယ့် အရသာတစ်ခုလို့တင်စားပါရစေနော်။

Source: Daily Mail

Penny

SHARE