မာရသွန်ပြိုင်ပွဲတွေဆိုတာ ရှည်လျားပြီး ခက်ခဲပင်ပန်းလှတဲ့ တာရှည်အပြေးပြိုင်ပွဲတစ်ခုပါ။ နာရီပေါင်းများစွာမလေ့ကျင့်ဘဲ သာမန်လူတစ်ယောက်ဟာ အချိန်(၃)နာရီလောက်ဆက်တိုက်အနေအထားနဲ့ အဆက်မပြတ်ပြေးဖို့ဆိုတာ တော်တော်ကိုမလွယ်ကူတဲ့အလုပ်ပါ။
ဂျပန်နိုင်ငံ Iwatani sangyo မှ ဦးစီးကျင်းပခဲ့တဲ့ “Ekiden” မာရသွန်ပြိုင်ပွဲမှာ လက်ဆင့်ကမ်းမာရသွန်ကို ဝင်ရောက်ယှဉ်ပြိုင်သူ Rei Iida ရဲ့ သတင်းဟာ ဂျပန်ပြည်သူတွေကြား ရေပန်းစားနေခဲ့ပါတယ်။
(၂၆) မိုင်ပြေးလမ်းမှာ ဆက်တိုက်ပြေးခဲ့ရသူ Rei Iida ဟာ (၂.၂) မိုင်အရောက်မှာပဲ အရှိန်မထိန်းနိုင်ဖြစ်ကာ ခြေချော်လဲကျခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ လဲကျသွားတဲ့အခိုက်အတန့်မှာ ခြေထောက်ကျိုးသွားခဲ့ပါတယ်။ ခြေနှစ်ချောင်းစုံရပ်ဖို့မဆိုထားနဲ့ ခြေထောက်ပြန်ထောက်ဖို့တောင် ခက်ခဲတဲ့အခြေအနေဖြစ်နေတဲ့အတွက် Rei Iida တစ်ယောက် အကြပ်ရိုက်နေခဲ့ပါတော့တယ်။

အရှေ့ကိုကြိုရောက်နေပေမယ့်လည်း အနောက်ဖက်မှ အခြားပြိုင်ဖက်အသင်က ယှဉ်ပြိုင်သူတွေဟာ သူမကို ကျော်တက်ဖို့ တရိပ်ရိပ်နဲ့ ချင်းကပ်လာနေတဲ့အတွက် ကြံရာမရဖြစ်ကာ လေးဖက်ထောက်ခဲ့ပါတယ်။ လေးဖက်ထောက်အနေအထားနဲ့ အရှေ့မှာလှမ်းမြင်နေတဲ့ သူမရဲ့တွဲဖက်ဆီကို အလျင်အမြန်တွားသွားခဲ့ပါတယ်။
Rei Iida လက်ထဲမှာရှိတဲ့ ပုဝါကို သူမအရှေ့က တာထွက်မှာရပ်စောင့်နေတဲ့ အသင်းသားဆီကို လက်ဆင့်ကမ်းလိုက်မှသာလျှင် အဲဒီအသင်းသားက ပန်းတိုင်ဆီကို ဆက်ပြေးနိုင်မှာဖြစ်တဲ့အတွက် ခြေထောက်ကျိုးသွားသော်လည်း ဇွဲမလျှေ့ဘဲ တတ်နိုင်တဲ့အနေအထားမှာ အကောင်းဆုံးဆိုတာထက်ပိုတဲ့ လုပ်ရပ်တစ်ခုကို Rei Iida လုပ်ပြသွားခဲ့တာပါ။
နိုင်လိုစိတ်ပြင်းပြပြီး ဇွဲမလျှော့တဲ့ Rei Iida ကြောင့် လာတားတဲ့လူတွေနဲ့ အသင်းမန်နေဂျာ၊ ပြိုင်ပွဲစီစဉ်တဲ့ မန်နေဂျာတို့မှ ပြောမရတဲ့အဆုံးဘေးကနေသာ Rei ကို လမ်းတစ်လျှောက်လိုက်လံစောင့်ကြပ်ခဲ့ရပါတယ်။ သူမပြိုင်ပွဲဝင်ပုံဟာ မာရသွန်ပြိုင်ပွဲကျင်းပတယ်ဆိုတဲ့သတင်းထက် ပိုပြီးဟိုးလေးတကျော်ဖော်ပြခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Rei ဟာ သူမအသင်းသားဆီကို ပုဝါလက်ဆင့်ကမ်းနိုင်ခဲ့ကာ ဆေးရုံသို့အရေးပေါ်ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အရိုးကျိုးသွားတဲ့ဒဏ်ကြောင့် ခြေထောက်ကို လနဲ့ချီပြီး အနားယူခိုင်းကာ စိုးရိမ်မှုအကြီးအကျယ်တော့မရှိခဲ့ဘူးလို့ဆိုပါတယ်။

ကတ္တရာလမ်းမပေါ်ဒူးထောက်ပြီး မြန်မြန်လေးဖက်ထောက်သွားခဲ့ရတဲ့အတွက် ဒူးနှစ်ဖက်လုံးနဲ့ ခြေထောက်တွေမှာ အရေခွံတွေလန်ကာ ပွန်းပဲ့ပြီး သွေချင်းချင်းရဲခဲ့ရပါတယ်။ Rei Iida ရဲ့ တာဝန်ယူစိတ်ရှိပြီး အသင်းအပေါ်သစ္စာရှိမှုဟာ ဂျပန်နိုင်ငံမျာသာမကပဲ နိုင်ငံတစ်လွှားကလူတွေရဲ့ပါးစပ်ဖျားမှာ ချီးကျူးခံနေရပါတယ်။
Source: YouTube, Labible
Penny