ပျားရည်စမ်းခရီးထွက်ရင်း ပိုက်ဆံမရှိတော့လို့ အိုလံပစ်သံတမန်အဖြစ် လုပ်ကိုင်နေတဲ့ စုံတွဲ

Youtube-Honeymooners turn accidental Olympic ambassadors

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတာကြောင့် လူတိုင်းနီးပါး တော်တော်ကျပ်တည်းနေတဲ့အချိန်တွေပါပဲ။ လေဆိပ်တွေလည်းပိတ်၊ နိုင်ငံတော်တော်များများဟာလည်း Lockdown တွေ ချထားတာကြောင့် ခရီးသွားလာရေးနဲ့ ပတ်သတ်တဲ့ လုပ်ငန်းတွေလည်း တော်တော်လေးကို အခြေအနေဆိုးနေရှာပါတယ်။ အခုလည်း ဂျပန်နိုင်ငံက အတွဲတစ်တစ်တွဲဟာ COVID 19 ကပ်ရောဂါမဖြစ်ပွားခင်ကတည်းက ပျားရည်စမ်းခရီးထွက်လာခဲ့ရာ COVID 19 ဖြစ်တဲ့အချိန်မှာ ကျွန်းနိုင်ငံ တစ်နိုင်ငံမှာ ပိတ်မိနေခဲ့ပါတယ်။ နောက်ဆုံးပါလာသမျှပိုက်ဆံတွေလည်း ကုန်သွားတာကြောင့် အခုဆိုရင် အဲဒီ ဂျပန်ဇနီးမောင်နှံဟာ အဆိုပါကျွန်းနိုင်ငံရဲ့ အိုလံပစ်သံတမန်အဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးနေကြောင်း SCMP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

သူတို့ကတော့ Rikiya လို့ အမည်ရတဲ့ အမျိုးသားနဲ့ Ayumi Kataoka လို့ အမည်ရတဲ့ အမျိုးသမိးပဲ ဖြစ်ပါတယ်။ သူတို့ဟာ COVID 19 ကပ်ရောဂါကြီး မဖြစ်ပွားခင်ကတည်းက ကမ္ဘာ့အနှံ့ ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဒီလိုနဲ့ အာဖရိကရှိ ကျွန်းစုတွေကို ခရီးထွက်လာရင်းနဲ့ Cape Verde လို့ အမည်ရတဲ့ ကျွန်းစုနိုင်ငံကို ရောက်တဲ့အချိန်မှာတော့ သူတို့နှစ်ယောက်လုံးအဆိုပါနိုင်ငံမှာ သောင်တင်နေခဲ့ပါတယ်။ အကြောင်းကတော့ COVID 19 ကပ်ရောဂါကြောင့် နိုင်ငံတော်တော်များများရဲ့ လေဆိပ်တွေကို ပိတ်လိုက်ရတဲ့အပြင် သူတို့ဆက်သွားမယ့် ဥရောပနိုင်ငံတော်တော်များများကလည်း ပြည်ဝင်ခွင့်တွေကို ပိတ်လိုက်တဲ့အတွက်ကြောင့် ဘယ်မှဆက်သွားလို့ မရတော့ပါဘူး။ အယုတ်ယွဆုံး သူတို့မိခင်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကိုတောင် ပြန်သွားလို့ မရတော့ပါဘူး။

READ
အရေပြားဆရာဝန်အလား ဆွေးနွေးမှုတွေပြုလုပ်ပေးမယ့် L’Oréal နဲ့ Alibaba ရဲ့app
Google Map

ဒီလိုနဲ့ Rikiya နဲ့ Ayumi တို့ဟာ ပါလာသမျှပိုက်ဆံလေးကို Cape Verde ကျွန်းနိုင်ငံလေးထဲမှာပဲ ချွေတာသုံးစွဲရင်းနဲ့ နောက်ဆုံးမှာတော့ ပိုက်ဆံက လုံးဝကို ကုန်သွားခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့နဲ့ သင့်တော်မယ့် အလုပ်ကို ကျွန်ပေါ်မှာ လိုက်ရှာရင်းနဲ့ နောက်ဆုံးမှာတော့ ဂျပန်-Cape Verde အိုလံပစ်သံတမန်အဖြစ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Cap Verde နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်နောက်ပိုင်းကတည်းက အိုလံပစ်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကတည်းက ဘာဆုတံဆိပ်မှ မရတာ တော်တော်လေးကို ကြာခဲ့ပါပြီ။

“အခု Rikiya တို့ အတွဲ Tokyo ပြန်သွားရင် ကျွန်တော်တို့ဆီက အိုလံပစ်ကစားသမား ၅ ဦးလောက် လိုက်သွားကြမှာပါ။ လာမယ့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဟာ ဂျပန်မှာ လုပ်မှာဆိုတော့ ကျွန်တော်တို့အတွက် တော်တော်လေးကို အဆင်ပြေပါတယ်။ Rikiya တို့ကလည်း ကျွန်တော်တို့နိုင်ငံအတွက် အိုလံပစ်သံတမန်အဖြစ်လုပ်ကိုင်ပေးရတာ တော်တော်လေးပျော်နေပါတယ်”လို့ Cap Verde နိုင်ငံရဲ့ အိုလံပစ်အသင်းခေါင်းဆောင် Leonardo Cunha က ပြောကြားခဲ့ပါတယ်။

READ
ကင်ဆာဆေး ကုချင်လို့ပါဆိုပြီး အွန်လိုင်းမှာ အလှူငွေတွေ လိမ်ကောက်နေတဲ့ အမျိုးသမီး

Pyi Hein Kyaw

SHARE