ဈေးကွက်ပေါ်ထိရောက်လာခဲ့တဲ့ ဂျပန်တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ဘွဲ့ပရောဂျက်

ဂျပန် နိုင်ငံဟာ ဆန်းသစ်တီထွင်မှုတွေနဲ့ ပြည့်နှက်နေပြီး နေ့နေ့ညညတိုးတက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လကဆို အမျိုးသားတွေရဲ့ ရင်ဘက်ပုံစံ တုပဖန်တီးထားတဲ့ ကူရှင်တစ်မျိုးဟာ ထွက်ရှိလာခဲ့တာကို soranews24 ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

ဒီ ရင်အုပ်ပုံ 3D ဖောင်းကြွ ကူရှင်ကို ဖန်တီးသူက Tokyo’s Ochanomizu Institute of Art က ဘွဲ့ရထားတဲ့ Shirane ဆိုသူဖြစ်ပါတယ်။ သူမက တက္ကသိုလ်က ဘွဲ့ရဖို့အတွက် ပရောဂျက်တင်သွင်းရာမှာ တင်းရင်းထားတဲ့ ရင်ဘက်ပိုင်းသက်သက်ရုပ်ပုံ ကူရှင်ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။

ဘွဲ့ကြို ပြပွဲမှာ Shirane ကို ဧည်သည်တွေက ၄င်တို့အနေနဲ့ နှစ်သက်သဘာကျတဲ့အတွက် ၀ယ်ယူလိုကြောင်း အကြိမ်ကြိမ်ပြောခံရပါတယ်။ ဘွဲ့ရပြီးစ ကျောင်းသူတစ်ယောက်အနေနဲ့ အခကြေးငွေယူပြီး လုပ်ဖို့လည်း မဖြစ်နိုင်သေးတာကြောင့် သူမက Motion Gallery ၀က်ဘ်ဆိုက်မှာ ရံပုံငွေ ကိမ်ပိန်းတစ်ခုကို ထောင်ပြီး လုပ်ငန်းကို စတင်ခဲ့ပါတယ်။

READ
လက်ဖျားခါလောက်အောင် ဆန်းသစ်လွန်းတဲ့ ကျွန်းနိုင်ငံလေးက တီထွင်မှုများ

သူမရဲ့ ခေါင်းအုံး ထုတ်ကုန်နာမည်ကို Oppai Pillow လို့ နာမည်ပေးထားပါတယ်။ ကြေငြာဓာတ်ပုံတွေမှာ ပြသထားတာကတော့ အသုံးပြုသူတွေအနေနဲ့ ခေါင်းအုံရဲ့ ကြွက်သားတွေကို ကိုင်ပြုနိုင်တယ်၊ six pack ကြွက်သားတွေပေါ်မှာ မှောက်အိပ်နိုင်တယ်။ လူရဲ့ စိတ်ခံစားမှု တစ်စုံတစ်ရာကို ဖြေဖျောက်ရာ၊ စိတ်ကြည်လင်ရာ ဖြစ်စေမယ့် ပစ္စည်းအဖြစ် Shirane က ဖန်တီးခဲ့တာဖြစ်တယ်။

motion gallery

ဘာတွေကို အသုံးပြုပြီး ပြုလုပ်ထားသလဲဆိုတာကိုတော့ ဖော်ပြခြင်းမရှိပေမယ့် ကူရှင်ကတော့ နူးညံတဲ့ အသားနဲ့ ကာယအလှမောင် တစ်ယောက်ရဲ့ ရင်ဘတ်အတိုင်းကြားမှာ စကေးချပြီး ပြုလုပ်ဖန်တီးထားတယ်လို့တော့  သိရပါတယ်။ သူမရဲ့ ရံပုံငွေရှာဖွေမှုက ရက် (၅၀) ကျန်ရှိနေသေးပြီး မှာယူနိုင်တဲ့ လင့်ခ်ကိုလည်း ဖော်ပြပေးထားပါတယ်။ မှာယူတဲ့ ပစ္စည်းတွေကိုတော့ အောက်တိုဘာလမှာ ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

READ
ဝိတ်ကျချင်သူတွေ အစားမလွန်ဖို့ ဓာတ်လိုက်စေပြီး သတိပေးမယ့် ကျင်စက်

 

Matthew (ShweMOM)

SHARE