တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ပြည့်ဝလွန်းနေတဲ့ ဇနီးမောင်နှံရဲ့ ကကွက်ဆန်း

[email protected]

လောကမှာ အမျိုးသားတစ်ယောက်ရဲ့ အကြီးမားဆုံးပျော်ရွှင်မှုကတော့ ကိုယ်လက်ထပ်လိုက်တဲ့ ချစ်သူမိန်းကလေးဟာ ကိုယ်နဲ့ အစစအရာရာကို ထပ်တူညီကျနေတာပါပဲ။ တစ်ချို့ကျပြန်တော့လည်း အရာရာထပ်တူကျမယ်လို့ ထင်ခဲ့ပေမယ့် လက်ထပ်ပြီးတဲ့အခါမှသာ တစ်ယောက်နဲ့တစ်ယောက် ထပ်တူမကျမှန်း သိခဲ့ပြီး ကွာရှင်းကြတဲ့အထိ ဖြစ်ကုန်ပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသားကတော့ သူလက်ထပ်ယူခဲ့တဲ့ ဇနီးနဲ့ သူနဲ့ ထပ်တူကျတဲ့အပေါ်ကို တော်တော်လေး ဂုဏ်ယူနေပုံပါပဲ။ ဒါ့အပြင် သူတို့လင်မယားနှစ်ယောက်ရဲ့ ကနေတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးပြီး လူကြိုက်များနေကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

ပုံထဲမှာ တွေ့ရတဲ့ အမျိုးသားကတော့ ဂျပန်နိုင်ငံ @ugogon လို့ အမည်ရတဲ့ twitter အကောင့်ပိုင်ရှင်တစ်ယောက် ဖြစ်ပြီး သူဟာ gamer တစ်ယောက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကခုန်တဲ့ ဂိမ်းတွေကိုဆော့ကစားရာမှာ တစ်ကယ့် ဆရာတစ်ဆူပါပဲ။ ပုံထဲမှာ တွေ့ရတဲ့အတိုင်း သူတို့လင်မယားနှစ်ယောက်ဟာ အကဂိမ်းစက်တစ်ခုမှာ ပျော်ရွှင်စွာကခုန်နေကြတာ ဖြစ်ပါတယ်။ အောက်က ဗီဒီယိုကို ရုတ်တရက် ကြည့်လိုက်ရင်တော့ ဒီအတိုင်း လျှောက်ကနေတယ်လို့ ထင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့လင်မယားနစ်ယောက်ရဲ့ ကကွက်ဆန်းတွေကြောင့်ပါပဲ။

READ
ကြည့်မိလိုက်တာနဲ့ ဂျပုလေးတွေကို ပိုပြီးသေးငယ်စိတ် ဝင်သွားစေမယ့်ဓာတ်ပုံစုစည်းမှု

 

ဒါပေမယ့် ဂိမ်းစက်ရဲ့ screen ကို သေချာကြည့်လိုက်ပါ။ အကွက်တိုင်းကို တစ်ကွက်မှ မလွတ်ပဲ တောက်လျှောက်ကပြသွားတာ ဖြစ်ပါတယ်။ တော်တော်လေးကို မိုက်တဲ့ ကကွက်တွေပါပဲ။ အဆိုပါ အမျိုးသားကတော့ သူ့ဝါသနာပါတဲ့ အရာကို ဇနီးဖြစ်သူက ထပ်တူကျစွာ လိုက်ပြီး ဝါသနာပါပေးပြီး သူလုပ်သမျှအရာတိုင်းကို ထောက်ခံပေးတာကြောင့် သူ့မိန်းမကို ဂုဏ်ပြုတဲ့အနေနဲ့ အဆိုပါ အကဗီဒီယိုဖိုင်ကို Twitter ပေါ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE