ဝေဖန်မှုတွေရရှိနေတဲ့ ဂျပန်အမျိုးသမီးအဆိုတော်အဖွဲ့ရဲ့ ဆိုးဆိုးရွားရွား fan-service

koreaboo

၂၀၁၄ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ အဖွဲ့ကွဲသွားခဲ့တဲ့ ဂျပန် အမျိုးသမီး အဆိုတော်အဖွဲ့ Hauptharmonie ကတော့ အခြားအဆိုတော်အဖွဲ့တွေနဲ့မတူ တမူထူးတဲ့ fan-service ပေးတဲ့ပွဲကို ပြုလုပ်ခဲ့တာကြောင့် လူသိများခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ကတော့ သူတို့ရဲ့ သီချင်းအလ်ဘမ်ရောင်းတဲ့ အထဲမှာ အထူးအခွင့်အရေး လက်မှတ်လေးစောင် ထည့်ပေးထားပြီး အဲဒီ လက်မှတ်တွေကို ပေါက်တဲ့သူကတော့ “Bed-In” ဆိုတဲ့ fan-service ပွဲကို တက်ရောက်ခွင့်ရတာဖြစ်ပါတယ်။

koreaboo
koreaboo

“Bed-In” လို့ နာမည်ပေးထားတဲ့ fan-service ပွဲကို တက်ရောက်တဲ့ ပရိသတ်တွေကတော့ Hauptharmonie  အဖွဲ့ဝင်တွေရဲ့ ဘေးမှာ လှဲအိပ်ခွင့်ရပြီး ဓါတ်ပုံလည်း ရိုက်ခွင့်ရပါတယ်။ ပရိသတ်တွေကတော့ အဖွဲ့ဝင်ကောင်မလေးတွေနဲ့ နီးနိုင်သမျှ အနီးဆုံးကို ကပ်ပြီး ဓါတ်ပုံ ရိုက်ခဲ့ကြပါတယ်။

READ
မထင်မှတ်ဘဲ အောင်မြင်သွားခဲ့ကြတဲ့ ကလေးအနုပညာရှင် (၇)ဦး
koreaboo
koreaboo

အချို့တွေကတော့ ကောင်မလေးတွေရဲ့ ဘေးမှာ စီးကရက်သောက်နေဟန်နဲ့ ဓါတ်ပုံတွေ ရိုက်ခဲ့ပြီး အိပ်ရာဘေးမှာ ပိုက်ဆံတွေ ထားခဲ့တဲ့သူတွေတောင် ရှိပါသေးတယ်။ အခုထွက်လာခဲ့တဲ့ ဓါတ်ပုံတွေ အပြင် ကောင်မလေးတွေက ကွန်ဒုံးတွေကို ကိုက်ထားတဲ့ပုံတွေနဲ့ အသက်ကြီးတဲ့ အမျိုးသားတွေကို မြူဆွယ်နေတဲ့ ဓါတ်ပုံတွေလည်း ထပ်ပြီးတော့ ထွက်လာခဲ့ပါသေးတယ်။ ဒီပုံတွေကို တွေ့ပြီးတဲ့သူတွေကတော့” ကောင်မလေးတွေက အသုံးချခံနေရတယ်။ ဂျပန်နိုင်ငံကတော့ မိန်းကလေးငယ်လေးတွေကို လိင်ကျွန်ဖြစ်အောင် လုပ်နေတယ်။” ဆိုတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

koreaboo
koreaboo

Source: Koreaboo

SHARE