လှောင်ချိုင့်အပေါက်သေးလေးထဲက မရရအောင် တိုးထွက်ခဲ့တဲ့ ကြောင်ကလေး

Twitter/AldehydeYM

ကြောင်တွေဟာ များသောအားဖြင့် နာခံတတ်တဲ့ သတ္တ၀ါတွေ မဟုတ်ကြပါဘူး။ လူတွေမတက်စေချင်တဲ့ အမြင့်နေရာတွေပေါ်မှာ အတက်အဆင်းပြုလုပ်ပြီး လူတွေမလုပ်စေချင်တဲ့အရာတွေကိုမှ လုပ်တတ်ကြတာလည်း ကြောင်တွေပါပဲ။ အခုတွေ့ရမှာကတော့ ခေါင်းမာတတ်တဲ့ ကြောင်တွေရဲ့ သဘာဝကို ပိုမိုပေါ်လွင်စေပြီး ဖြစ်ချင်တာကို မရမနေပြုလုပ်တတ်တဲ့ သူတို့ရဲ့ဥာဉ်ကို soranews24 သတင်းဗီဒီယိုလေးမှာ တွေ့ခဲ့ရတာပါ။

ဗီဒီယိုထဲမှာတော့ မီးခိုးရောင် ချစ်စရာကြောင်လေးတစ်ကောင်ဟာ လှောင်အိမ်ထဲကနေ အပြင်ကို လွတ်မြောက်နိုင်ဖို့ ကြိုးစားနေခဲ့တာပါ။ သူက လှောင်အိမ်ထဲမှာ သူ့ညီအစ်ကို မောင်နှမတွေနဲ့ ကျပ်ကျပ်တည်းတည်း နေရတာကို စိတ်ညစ်နေပုံပေါ်ပါတယ်။ ဒါကြောင့် သူဟာ လှောင်အိမ်ထဲကနေ လွတ်ဖို့ ကြိုးစားခဲ့ပါတယ်။

Twitter/AldehydeYM

ကြောင်လေးဟာ အစပိုင်းမှာ သူ့ကို သော့ခတ်ထားတဲ့ တံခါးကို ကုတ်ပြီး လက်နဲ့ဖွင့်ပါတယ်။ သူအပြင်းအထန် ကန်ကြောက်ပေမယ့် တံခါးက ဖွင့်မရပါဘူး။ ဒါပေမယ့် နောက်ပိုင်းတော့ သံတိုင်လေးတွေကြားကနေ လက်ကိုထုတ်၊ ခေါင်းကိုထုတ်ပြီး တွန်းကြည့်ရာက သူဟာ တစ်ကိုယ်လုံး လှောင်အိမ်အပြင်ဘက် ရောက်သွားတဲ့အထိ ထွက်နိုင်ခဲ့ပါတယ်။ အထဲကနေ သံချောင်းတွေကို တွန်းထိုးကာ ကိုယ်လုံးအနောက်ပိုင်းရောက်လို့ ညှပ်နေတဲ့အခိုက် ကိုယ်ကို လိမ်ပြီး လှည့်ထွက်နိုင်တဲ့ ကြောင်လေးရဲ့ မွေးရာပါစွမ်းရည်ကတော့ သြချရလောက်အောင်ပါပဲ။

READ
ကနေတဲ့ကြောင်လေးတွေရဲ့ ချစ်စရာပုံရိပ်လေးများနဲ့ အသည်းယားစရာဓာတ်ပုံများ

 

လှောင်အိမ်အပြင်ဘက်ရောက်တဲ့အခါမှာလည်း ကြောင်လေးဟာ ညင်ညင်သာသာနဲ့ပဲ ကြမ်းပေါ်ကို ခြေချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ Alde (@ AldehydeYM) က တင်ပေးခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုလေးကို ကြည့်ရှုလိုက်ရတဲ့ အွန်လိုင်းပေါ်ကလူတွေကတော့ ကြောင်လေးရဲ့ ဥာဏ်ကောင်းစွာနဲ့ လှောင်အိမ်ထဲက လွတ်မြောက်ခဲ့ပုံကိုကြည့်ရင်း သဘောကျနေကြကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE