ကိုဗစ်ကိုတိုက်ဖျက်နေတဲ့ ဂျပန်နိုင်ငံက လာဘ်ကောင်ကြောင်လေး

instagram/koronon2020

ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ခုခံကာကွယ်ဖို့ လာဘ်ကောင်ကြောင်လေးတစ်ကောင်ကို ဖန်တီးလိုက်ပါပြီ။ သူ့နာမည်က Koronon ဖြစ်ပါတယ်။ ရက်အများစုမှာဆိုရင် Shinjuku နဲ့ Ikebukuro တို့လို လူသွားများတဲ့နေရာတွေမှာ Koronon က လမ်းသွားလမ်းလာတွေကို masks တွေ အခမဲ့လိုက်ဝေပေးနေတာ၊ ကျန်းမာရေးဂရုစိုက်ကြဖို့ ပြောနေတာတွေတွေ့ရပါတယ်။

 

View this post on Instagram

 

A post shared by コロノン (@koronon2020)

Koronon ဟာ ပန်းရောင်အဝတ်အစားကို ဝတ်ထားတာဖြစ်ပြီး သူမရဲ့ Hello Kitty မျက်နှာပေါ်မှာ mask နဲ့ face shield ကို တပ်ဆင်ထားပါတယ်။ သူမရဲ့ခန္ဓာကိုယ်အလယ်ပိုင်းမှာတော့ အနီရောင်ကြက်ခြေခတ်အမှတ်အသားနဲ့ Covid-19 ကို အမှားခြစ်ထားတဲ့ပုံကိုလည်း တွေ့ရပါတယ်။ ကျောဘက်မှာတော့ စူပါဟီးရိုးတွေလိုမျိုး အနီရောင်ဝတ်ရုံရှည်ကြီးကို တွေ့ရပါတယ်။ သူမဟာ ခရမ်းရောင်ပုံစံ အသဲပုံဒိုင်းလေးကိုလည်း ကိုင်ဆောင်ထားပါသေးတယ်။

 

View this post on Instagram

 

A post shared by コロノン (@koronon2020)

သူမကို ဖန်တီးသူကတော့ Al-Pha Co. ကုမ္ပဏီဖြစ်ပါတယ်။ ကုမ္ပဏီကတော့ ကျောင်းတွေနဲ့ ရုံးခန်းတွေမှာ လူတွေသန့်သန့်ရှင်းရှင်းရှိကြဖို့နဲ့ social distancing ကိုလိုက်နာကြဖို့ promote လုပ်ချင်တဲ့အခါ Koronon ကြောင်လေးကို  ငှားရမ်းနိုင်တယ်လို့ ဆိုပါတယ်။

READ
ရေသူမလေးလိုနေထိုင်ပြီး ဝင်ငွေရှာနေတဲ့ကောင်မလေး

Koronon ဟာ ဂျပန်နိုင်ငံရဲ့ ခေတ်စားတဲ့ လာဘ်ကောင်ယဉ်ကျေးမှု yuru-chara လို့ခေါ်တဲ့ ထဲမှာ တစ်ရုပ်အပါအဝင်ပဲဖြစ်ပါတယ်။ ဂျပန်ဟာ စီးပွားရေးလုပ်ငန်းတွေ၊ အထူးအခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ၊ ပြည်သူ့လုံခြုံရေးနှိုးဆော်မှုတွေ စတာတွေမှာ လာဘ်ကောင်အရုပ်လေးတွေကို ပေါပေါများများ အသုံးပြုလေ့ရှိကြောင်းလည်း သိရပါတယ်။ အသစ်အသစ်ထွက်လာတဲ့ ဂျပန် လာဘ်ကောင်အရုပ်လေးတွေအားလုံးကို သိရဖို့ဆိုရင် ဂျပန်သွားဖို့တော့မလိုပါဘူး။ တိုကျိုအခြေစိုက် Mondo Mascots တွစ်တာကို follow ထားရင်တော့ စာဖတ်သူဟာ နောက်ဆုံးထွက်ရှိလာတဲ့ လာဘ်ကောင်လေးတွေအကြောင်းသိရမှာဖြစ်တယ်ဆိုတာကို soranews24 ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။

ShweMom

SHARE