ပီရူးနိုင်ငံဟာ ကမ္ဘာကျော် Machu Picchu နေရာကို ခရီးသွားဧည့်သည်တစ်ယောက်တည်းအတွက် ဖွင့်လှစ်ပေးခဲ့တယ်လို့ insider သတင်းအရ သိရပါတယ်။ ဂျပန်နိုင်ငံသား ဂျက်စီကာတာယာမာအမည်ရတဲ့ အဆိုပါအမျိုးသားဟာ Machu Pichu ကိုအလည်အပတ်လာဖို့အတွက် ပီရူးနိုင်ငံထဲရောက်နေတာပါ။ ကာတာယာမာကိုတော့ ပြီးခဲ့တဲ့စနေနေ့မှာပဲ အင်ကာခံတပ်ကိုဝင်ခွင့်ပေးခဲ့ကြောင်း ပီရူးရဲ့ ယဉ်ကျေးမှုဝန်ကြီး အာလီဂျန်ဒရိုနီရာက ပြောပြပါတယ်။
https://www.instagram.com/p/CGZDJp9n-nU/?utm_source=ig_web_copy_link
ကာတာယာမာဟာ မတ်လတုန်းက ပီရူးကိုရောက်ခဲ့တာဖြစ်ပြီး မကြာခင် နိုင်ငံရဲ့ကိုရိုနာဗိုင်းရပ်စ် lockdown နဲ့ တိုးခဲ့တာပါ။ ပီရူးရဲ့lockdown က တော်တော်လေးတင်းကြပ်ပါတယ်။ နယ်စပ်အဝင်အထွက်တွေအကုန်ပိတ်ပြီး ညမထွက်ရအမိန့်ထုတ်ထားပါတယ်။ လူတွေဟာ မရှိမဖြစ်ပစ္စည်းတွေဝယ်ခြမ်းရုံကလွဲလို့ အိမ်ထဲကအိမ်ပြင်မထွက်ရပါဘူး။
What a treat, having Machu Picchu all to oneself!
Peru’s “Lost City of the Incas” opened for one single tourist on Sunday after 7 months of pandemic closure. Japanese visitor Jesse Katayama, who’s been stranded in the country since March, eventually had his dream come true. pic.twitter.com/BdT212YJ6m
— CGTN (@CGTNOfficial) October 13, 2020
ကာတာယာမာဟာ ရှေးဟောင်းယဉ်ကျေးမှုနေရာနဲ့ ငါးမိုင်ကွာဝေးတဲ့ အာဂွါကာလီယန်တက်စ်မြို့ကိုရောက်နေခဲ့တာဖြစ်ပါတယ်။ သူဟာ အခြားကမ္ဘာလှည့်ခရီးသည်တွေက အင်ကာခံတပ်ထဲဝင်ခွင့်ပေးဖို့ မတောင်းဆိုကြခင် အရင်ဆုံးလည်ပတ်ခွင့်ရတဲ့သူလည်း ဖြစ်ပါတယ်။
အခုဆိုရင်တော့ ကာတာယာမာဟာ ပီရူးကနေထွက်ခွာသွားပါပြီ။ သူဟာ တောင်ထိပ်ပေါ်မှာလည်း ဗီဒီယိုရိုက်ကူးခဲ့ပြီး “အရမ်းအံ့သြဖို့ကောင်းတယ်။ ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောခဲ့ပါသေးတယ်။ Peru Telegraph အရတော့ ၄င်းနေရာဟာ ကမ္ဘာလှည့်ခရီးသည်တွေအလာများတဲ့နေရာဖြစ်ပြီး ၂၀၁၈ခုနှစ်တုန်းကဆိုရင် လူပေါင်း ၁,၅၇၈,၀၃၀ ခန့်လာရောက်ခဲ့ကြောင်း သိရပါတယ်။
Jesse Katayama, a Japanese tourist who was unable to enter Machu Picchu last March and stayed in Cusco for 7 months has finally finished his trip. Jesse becomes the first international tourist to enter Machu Picchu since the quarantine began. Machu Picchu reopens on October 15th. pic.twitter.com/VaP9a6kf2B
— Karikuy Tours Peru (@Karikuy) October 12, 2020
BBC သတင်းမှာတော့ Machu Picchu ကိုနောက်လထဲမှာ လူအရေအတွက်ကန့်သတ်ပြီး ပြန်ဖွင့်မယ်လို့ ဆိုထားပေမယ့် ရက်အတိအကျတော့မကြေညာသေးပါဘူး။ ပီရူးကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တဖြည်းဖြည်းနဲ့ကျဆင်းလာတယ် ဆိုပါတယ်။ အခုဆို တစ်နေ့ကို ကူးစက်ခံရသူ အယောက် ၃၀၀၀ထောင်ပဲရှိပါတော့တယ်။ မတ်လတုန်းကတော့ တစ်နေ့ကို ကူးစက်ခံရသူပေါင်း ၈၀၀၀ကျော်နဲ့ သြဂုတ်လတုန်းကတော့ တစ်နေ့ကို ကူးစက်ခံရသူပေါင်း ၁သောင်းကျော်ရှိခဲ့တာပါ။ လက်ရှိမှာတော့ ပီရူးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၈၅၁,၀၀၀ ရှိပြီး သေဆုံးသူဦးရေ ၃၃,၃၇၅ ရှိပြီဖြစ်ကြောင်း သိရပါတယ်။
လင်းလင်း