ဗလကြီးတွေကို သီးသန့်ကြည့်နိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုကို ဂျပန်အမျိုးသား ဖန်တီး

Image:IG/akihitoohara

ဂျပန် နိုင်ငံက အမျိုးသားတစ်ဦးက တော့ မကြာ သေးခင် တုန်းက stock photo website တစ်ခုကို ဖန်တီး လိုက်တယ်လို့ Asia Oneနဲ့ Sorenews တို့ မှာ ဖော်ပြထားပါတယ်။ တခြား stock photo website တွေနဲ့ မတူ တဲ့ အချက်က တော့ ဗလကြီးတွေ သီးသန့် ပုံတွေကိုပဲ ဒီဝက်ဘ် ဆိုက်မှာ ဖော်ပြထား တာပါ။ Muscle Plus  မှာတော့ ဗလ တောင့် တောင့် နဲ့ အမျိုးသားထုရဲ့ ပုံတွေ ကို ပဲ သီးသန့် ကြည့် ရှုနိုင်တာပါ။ဝဘ်ဆိုက် ထဲက အမျိုးသားပုံ အကုန်လုံးနီးပါးက အ ပေါ် ပိုင်း ဗလာကျင်း တွေ ပါ။

Image:freephotomuscle.com

အ ပေါ် ပိုင်း ဗလာ ကျင်း တွေနဲ့ ဖရဲသီးစားနေတဲ့ ပုံတွေ၊ဖုန်းပြောနေတဲ့ ပုံတွေ၊ဘော်ဒါ တွေနဲ့ စကား ပြော ဆို နေတဲ့ ပုံတွေ၊ဒိတ် လုပ် နေတဲ့ ပုံတွေ… Pose မျိုးစုံနဲ့ ပုံတွေ ဒီဝဘ်ဆိုက် ထဲမှာ အများကြီး ရှိပါတယ်။ဝဘ် ဆိုက် ဖန်တီးသူ အမျိုးသား  Akihito  က တော့ သူနဲ့ အတူ Pose အမိုက်စားတွေ ပေးဖို့ တခြား အမျိုးသားတွေကိုပါ ဖိတ် ခေါ် ထားပါတယ်။

ဂျပန်မီဒီယာ တစ်ခု ဖြစ်တဲ့ Akihito က တော့ ဒီဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ပုံတွေ က တခြား မှာ ဖော်ပြ ထားတဲ့ ပုံမျိုးတွေ မဟုတ်တာ ကြောင့် ဒီလို ပုံ မျိုးတွေ ကို တခြား မှာ ရှာ တွေ့ ဖို့ က တော့ သိပ် မဖြစ် နိုင် ဘူး လို့ ဆိုပါတယ်။ Akihito  က တော့ Muscle Plus ကို   free-to-use collection  ဆိုပြီး လုပ် ထား တာပါ။ ဗ လ တွေနဲ့ နေ့စဉ် ဘ၀ ကို ဖြတ်သန်းနေတဲ့ ပုံ တွေ အများကြီး Muscle Plus ကိုလည်း  Muscle Plus  ၀ဘ် ဆိုက် က နေ ကြိုဆို  နေ ပါတယ်။

#SHWEMOM

SHARE