ပစ္စည်းကောက် ဂိမ်းစက်တွေရဲ့ မရိုးသားမှုကိုဖော်ပြခဲ့တဲ့ ဂျပန်အမျိုးသား

twitter/オガトゥーン

ဂျပန်နိုင်ငံက ပစ္စည်းကောက်ဂိမ်းစက်တွေဟာဆိုရင် အမျိုးအစားအတော်စုံလင်ပါတယ်။ အရုပ်တင်ကောက်လို့ရတာမဟုတ်ဘဲ ကိတ်မုန့်ကစလို့ ဆပ်ပြာရည်ဘူးထိပါဝင်ပါတယ်။ ဒါပေမဲ့လည်း ဒီဂိမ်းစက်တွေကနေ ပစ္စည်းထွက်လာဖို့ခက်တယ်ဆိုပြီး လူပြောများပါတယ်။ တစ်ခါတစ်လ အမေရိကန်ဒေါ်လာ၁၀၀ တန်ဖိုးလောက်ထည့်သုံးရင်တောင် စက်ထဲက ဘာမှရမလာတာမျိုးရှိပါတယ်။

ဂျပန်လူမျိုး တွစ်တာအသုံးပြုသူ အိုဂါတွန်အမည်ရတဲ့ အမျိုးသားကတော့ ဒီအကြောင်း ဥပမာအနေနဲ့ဖော်ပြခဲ့တာပါ။ သူဟာ ဆီဂါဂိမ်းစက်တစ်ခုကနေ ပစ္စည်းကောက်ခဲ့ရာမှ အကြိမ်၂၀၀ တိုင်တဲ့အထိ ပစ္စည်းကျမလာဘဲဖြစ်ခဲ့တာပါ။ ဒါကြောင့်ပဲ ဒီစက်အကြောင်း ရဲတိုင်ခဲ့တာပါ။ ရဲတွေရောက်လာတဲ့အခါ ၄င်းအရုပ်ကောက်ဆိုင်က ဝန်ထမ်းကိုယ်တိုင် အကြိမ်၁၀၀လောက် ပစ္စည်းထပ်ကောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ပစ္စည်းထွက်မလာပါဘူး။

စုစုပေါင်း အကြိမ်၃၀၀လုံးကြိုးစားပြီးလို့ ဘာမှထွက်မလာတဲ့အခါမှာတော့ ၄င်းဝန်ထမ်းကိုယ်တိုင် အထဲကပစ္စည်းတွေကို ကောက်ရလွယ်အောင် နေရာရွှေ့ပြောင်းခဲ့ရပါတယ်။ ဒီအခါမှာပဲ အိုဂါတွန်ဟာ ပစ္စည်းတွေကောက်နိုင်တော့တာပါ။ ရဲတွေကလည်း ဒီတစ်ကြိမ်တော့ ဆိုင်ကိုအရေးမယူဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။

READ
မြင်းတွေပါ ဘေးချင်းယှဉ်ပြီး မြှုပ်နှံခဲ့တဲ့ နှစ်(၅,၀၀၀) အလွန်က ရိုမီယို-ဂျူးလိယက်စုံတွဲ

အိုဂါတွန်ဟာ ဒီအကြောင်းကို အွန်လိုင်းပေါ်တင်ပြီးနောက်မှာ လူတော်တော်များများဝေဖန်ခဲ့ကြပါတယ်။ ဂိမ်းစက်ကုမ္ပဏီဆီဂါကတော့ အခုလိုထုတ်ပြန်ခဲ့ပါတယ်။ “ပစ္စည်းကောက်စက်တွေဆိုတာ လူတွေရဲ့ ကျင်လည်မှုနဲ့ ကံကိုကြိုးစားကြည့်နိုင်တဲ့နည်းလမ်းပါ။ ပိုက်ဆံထည့်လိုက်တာနဲ့ သေချာပေါက်ပစ္စည်းထွက်လာရမယ် မဆိုလိုပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း လူတွေရဲ့အခက်အခဲတွေကို သေချာဂရုစိုက်ဖို့ ဝန်ထမ်းတွေကိုမှာထားပြီးသားပါ။ ဒါကြောင့် တစ်ခုခုအဆင်မပြေဘူးဆိုရင် သူတို့တွေကို ခေါ်လို့ရပါတယ်။ သင့်ကိုနည်းနည်းလောက်ကူညီခိုင်းလို့ရပါတယ်။ ဒါ ကုမ္ပဏီရဲ့ အခြေခံကျတဲ့လုပ်ဆောင်ချက်ပါပဲ။”


အခုလို ကြေညာခဲ့ပေမယ့်လည်း ဂျပန်လူမျိုးတော်တော်များများကတော့ ပစ္စည်းကောက်စက်တွေဆိုတာ ပိုက်ဆံညာယူတဲ့စက်တွေလို့ ဆိုပါတယ်။ လူတွေ ဘယ်လိုပဲလုပ်လုပ် အထဲကပစ္စည်းကိုမကောက်နိုင်အောင် လုပ်ထားတယ်လို့လည်း ပြောနေကြသလို နိုင်ခြေဘယ်လောက်ရာခိုင်နှုန်းရှိတယ်ဆိုတာကိုလည်း စာကပ်ပြီး အသိပေးထားသင့်တယ်လို့ ပြောနေကြတာကိုလည်း soranews24 သတင်းအရသိရပါတယ်။

READ
ကွင်းထဲမှာ ပိုခြေစွမ်းပြနိုင်ဖို့ဆိုပြီး ရည်းစားကိုလမ်းခွဲလိုက်တဲ့ ဂါဘရီယယ်ဂျီးဆပ်

လင်းလင်း (ShweMom)

SHARE