Video Call meeting မှာ ပုံစံတကျမနေတတ်လို့ အလုပ်အထုတ်ခံခဲ့ရတဲ့ ဂျပန်အမျိုးသား

Freepik/Lifesize

ဂျပန်နိုင်ငံကတော့ အကုန်သိတဲ့အတိုင်း အစစအရာရာမှာ စည်းကမ်းတကျနေတတ်တဲ့ နိုင်ငံပါ။ လူနေမှုအဆင့်အတန်းနဲ့ပတ်သတ်လာရင်လည်း အခြားနိုင်ငံတွေထက် အဆင့်မြင့်တဲ့အပြင် ဂျပန်လူမျိုးတော်တော်များများဟာလည်း အလုပ်နဲ့ပတ်သတ်လာရင် ရေကုန်ရေခန်း ကြိုးစားတတ်ကြတဲ့ လူမျိုးတွေပါ။ အလုပ်နဲ့ လက်နဲ့ မပြတ်တဲ့ လူမျိုးတွေ ဖြစ်တာကြောင့် အခုလို COVID 19 ဖြစ်ပွားနေတဲ့ အချိန် အိမ်မှာပဲနေနေရတာကြောင့် အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေမှာတော့ အမှန်ပါပဲ။

Pixabay-Free-Photos

အခုလည်း ဂျပန်အမျိုးသား ကုမ္ပဏီဝန်ထမ်းတစ်ဦးဟာ Work from home နေတဲ့အချိန် ကုမ္ပဏီက သူ့ကို ရုတ်တရက် အလုပ်ထုတ်ခဲ့ပါတယ်။ အလုပ်ထုတ်တဲ့ အကြောင်းအရင်းကလည်း အဆိုပါအမျိုးသားဟာ အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ရုံးကလူတွေနဲ့ Video Call meeting လုပ်နေတဲ့အချိန်မှာ ပုံစံတကျမနေထိုင်တာကြောင့် အလုပ်ထုတ်ခံခဲ့ရတာဖြစ်ကြောင်း Soranews24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
(၄၄)နှစ်ကျော်က သားကိုသတ်ခဲ့တဲ့တရားခံကို မိခင်၏တောင်းဆိုမှုကြောင့် ပြန်လည်စစ်ဆေး
Zoom.us

Yota Yoshida လို့အမည်ရတဲ့ ဂျပန် IT ကုမ္ပဏီတစ်ခုက အမျိုးသားဟာ အိမ်ကနေအလုပ်လုပ်နေရင်း တစ်ရက်မှာတော့ ကုမ္ပဏီ HR က Yota ကို တစ်ရက်လောက် ကုမ္ပဏီမှာလာတွေ့ဖို့ ချိန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Yota ဟာ ဘုမသိဘမသိနဲ့ ကုမ္ပဏီရောက်သွားတဲ့အချိန်မှာတော့ HR အကြီးအကဲဟာ Yota ကို ကုမ္ပဏီမှ အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီလိုပြောလိုက်တဲ့အချိန် ကျွန်တော်စိတ်ထဲမှာ ရုတ်တရက်ကြောင်သွားပြီး ဘာ့ကြောင့်လဲလို့ ပြန်မေးလိုက်တယ်။ သူပြောတာကတော့ ကျွန်တော်ဟာ Video Call meeting ပြောနေတဲ့အချိန်တိုင်းမှာ ကင်မရာထဲပေါ်နေတဲ့ ပုံစံက မသေသပ်လို့တဲ့။ ကျွန်တော်ပြောချင်တာ ရှင်းရှင်းလေးလေဗျာ။ ကင်မရာထဲပေါ်တဲ့ပုံနဲ့ အလုပ်လုပ်တာ ဘာဆိုင်လို့တုန်း။ ကျွန်တော့် အလုပ်ကျွန်တော်တာဝန်ကျေအောင်လုပ်တယ်လေ။ အလုပ်ထဲမှာ နေရတာမဟုတ်တဲ့အတွက် ကျွန်တော့်အိမ်မှာ ကျွန်တော်ကြိုက်တဲ့ပုံစံနဲ့ နေထိုင်ခွင့်ရှိတယ်လေ။ ဒီလိုအချိန်မှာ အလုပ်လက်မဲ့ဖြစ်သွားတာကတော့ တော်တော်စိတ်ညစ်ပါတယ်” လို့ Yota က ပြောကြားခဲ့ပါတယ်။

READ
မူကြိုမှာ ကလေးတွေနဲ့ အတူတူစာသင်ရင်း ပျော်နေတဲ့ ကြောင်လေး တွန်ဘီ

Pyi Hein Kyaw

SHARE